၀ုန်း! ဒိုင်း! ခွမ်း
အသံပေါင်းစုံ ထွက်နေတာတော့ ၀မ်သခင်ကြီးရဲ့ ရုံးခန်းအတွင်းမှ ဖြစ်သည်။
အပြင်ဘက်က ရှေ့နေ၊ မန်နေဂျာ၊ PA နဲ့ အတွင်းရေမှူး တို့မှာ အသက်တောင် ရဲရဲ မရှူရဲသေးပေ။
၀မ်သခင်ကြီး ဒေါသထွက်ရတဲ့ အကြောင်းအရင်းက သူ၀ယ်မဲ့ မြေကွက် ကို Cheng Com မှ ငွေ ၂ဆ ပေးကာ ၀ယ်သွားကြောင်း သိလိုက်ရတဲ့ အတွက် ဒေါသထွက်နေခြင်း
- Cheng Com နဲ့ ဥက္ကဋ္ဌ က ရန်ညှိုးရန်စများ ရှိနေသလား။
- မရှိဘူး။ စီးပွားပြိုင်ဖက် ဖြစ်ရအောင်လည်း သူတို့ စီးပွားရေးမှ မတူတာ။
အား!!!!
ခွမ်း!!!
ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြောင့် ၄ယောက်လုံး ရုံးခန်းထဲ ပြေး၀င်သွားကြသည်။
- ဥက္ကဋ္ဌ!! စိတ်လျှော့ပါ ဥက္ကဋ္ဌ
- တောက်စ်! ငါတို့နဲ့ က ဘာရန်ညှိုးများ ရှိလို့ သူတို့က အခုလို လုပ်ရတာလဲ။ တောက်စ်!!
၀မ်ဥက္ကဋ္ဌ ဒေါသထွက်ချင်လည်း ထွက်ချင်စရာ!
- နောက်မြေကွက် အသစ် ၂ရက်အတွင်း ရှာကြ။
- ဟုတ်ကဲ့
၀မ်ဥက္ကဋ္ဌ ဘယ်လောက်ထိ ဒေါသထွက်နေလဲ ဆို မျက်နှာတစ်ပြင်လုံး နီရဲနေသည်။
သူက ဒေါသထွက်နေသလောက် တစ်ဖက်က လူမှာတော့ ပိုနေသော ထိုမြေကွက် ကို ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
ယွင်လုံ - မင်း အဲ့မြေကွက် ဘာလုပ်မလို့လဲ
ကျိုးချန် - ဘာမှ မလုပ်ဘူး။ အလှထိုင်ကြည့်မလို့။
ယွင်လုံ - ၀မ်ကျိုးရီ ရောက်နေတယ်။ မင်း တွေ့မှာလား။
ကျိုးချန် - မတွေ့ဘူး။ ငါ ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိစေချင်သေးဘူ။ သူက ဥာဏ်ကောင်းတယ်။ အသံကြားတာနဲ့ ငါ ဘယ်သူဆိုတာ သိသွားလိမ့်မယ်။
ယွင်လုံ - ကောင်းပြီ။ ငါပဲ တွေ့လိုက်မယ်။ မင်း ဘယ်လောက်ကြာမှာလဲ။
ကျိုးချန် - ပေကျင်းမှာ သွားနေမှာဆိုတော့ ငါ မသိသေးဘူး။ ကိုကို နဲ့ အတူ ပျော်လိုက်အုံးမယ်။
YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...