🦋15🦋 [ Unicode ]

156 12 0
                                    

ဟိုက်ခွမ်း - အားချန် ကိုယ်ပြန်လာပြီ

ကျိုးချန် - ကိုကို ပြန်လာပြီ၊ ခြေလက်​ဆေးပြီး ထမင်းစားရအောင်။

ဟိုက်ခွမ်း - အင်း ကိုကို မြန်မြန်လုပ်ပြီး လာခဲ့မယ်နော်။

ကျိုးချန် - ဟုတ်ကဲ့ ကိုကို

ဟိုက်ခွမ်း အိပ်ခန်းထဲ ၀င်သွားတော့မှ ကျိုးချန် လည်း မီးဖိုချောင်ထဲ ၀င်လာပြီး ဟင်းတွေနွှေး ထမင်းအဆင်သင့် ခူးခတ်ပြီး ထိုင်စောင့်နေလိုက်သည်။

နာရီဝက်လောက်ကုန်လွန်သွားတော့ ဟိုက်ခွမ်း ထမင်းစားခန်းထဲ ရောက်လာခဲ့သည်။

ဟိုက်ခွမ်း - တောင်းပန်ပါတယ်။ ကိုကို ရေချိုးသွားတာ ကြာသွားတယ်။

ကျိုးချန် - ရတယ် ကိုကို ခေါင်းလျှော်ထားတာလား။

ဟိုက်ခွမ်း - အင်း ခေါင်းထဲ နောက်ကျိကျိ ကြီး ဖြစ်နေလို့။  လာ ထမင်းစားရအောင်

ကျိုးချန် ကြက်သားတစ်တုံးကို တူနဲ့ ညှပ်ကာ ဟိုက်ခွမ်း ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ဟိုက်ခွမ်း ကလည်း ကျိုးချန် ပန်းကန်ထဲ ဟင်းတွေ ပြန်ထည့်ပေးသည်။

သူတို့နှစ်ယောက်ရဲ့ ညစာလေးက အရမ်းကို ချိုမြိန်သည်။ စားသောက်ပြီး ကျိုးချန် က ပန်းကန်ဆေး သလို ဟိုက်ခွမ်း က အသီးနွှာလေသည်။

ဟိုက်ခွမ်း - အားချန်

ကျိုးချန် - ပြောလေ ကိုကို

ဟိုက်ခွမ်း - ကိုကို သန်ဘက်ခါ ကွမ်ကျိုး ကို သွားရမှာ အားချန် လိုက်ခဲ့ပါလား။

ကျိုးချန် - လိုက်ခဲ့ရမှာလား။

ဟိုက်ခွမ်း - အင်း ၃ ပတ်လောက် ကြာမှာဆိုတော့ အားချန် ကို ကိုယ် စိတ်မချဘူး။

ကျိုးချန် - ကျွန်တော် လိုက်ခဲ့ပါမယ်။

ဟိုက်ခွမ်း - အင်း ချစ်ဖို့ကောင်းလိုက်တာ။

ပန်းကန်ဆေးတာလည်း ပြီး ဟိုက်ခွမ်း အသီးနွှာတာလည်း ပြီးတော့ နှစ်ယောက်သား ဧည့်ခန်းဘက် ထွက်လာကြသည်။

ကော်ဇော ပေါ်မှာ ၂ယောက်သား ထိုင်လိုက်ကြပြီး

ကျိုးချန် - ကိုကို

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now