🦋48🦋 [ Zawgyi ]

352 34 0
                                    

ကျိုးချန် - ကိုကို ကျွန်တော့်ကို အရမ်းပဲ ချစ်တာလား။

ဟိုက်ခွမ်း - ကလေးလေး အချစ်ကို မမှီပေမယ့် ကိုယ် ကလေးလေးကို အရမ်းချစ်တာတော့ ယုံပေးနော်။

ကျိုးချန် ရဲ့ ပါးလေးကို လက်လေးနဲ့ ပွတ်သပ်ကာ ဆိုလိုက်တော့

ကျိုးချန် ကလည်း ပါးပေါ်က ဟိုက်ခွမ်းလက်လေးကို ဆုပ်ကိုင်ပြီး

ကျိုးချန် - ကျွန်တော့်ကို ချစ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် ကိုကို

ဟိုက်ခွမ်း - အဲ့စကား က ကိုကို ပြောရမှာပါ။ နောက်ဆို ဒီထက်မက ကလေးလေး ကို ပိုချစ်ပေးမယ်။ ချစ်တယ် လျှိုဟိုက်ခွမ်း ဆိုတဲ့ ဟောဒီကောင်ကြီး က ၀မ်ကျိုးချန် ကို အရမ်းအရမ်း ချစ်တယ်။

ကျိုးချန် - ဟားဟား အရူးကြီး ကျလို့

ဟိုက်ခွမ်း - ကလေးလေးကြောင့် ရူးသွားတာပါ။ ဟား ဟား

ကျိုးချန် ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ချစ်ကြောင်းပြောကာ နှစ်ယောက်သား ရယ်မောနေကြသည်။

ကျိုးချန် ပါးလေး ကို လက်ကလေးနဲ့ ဖွဖွလေး ပွတ်နေရင်းမှ နှုတ်ခမ်းလေးကို လက်မလေးနဲ့ သွားပွတ်ကာ

ဟိုက်ခွမ်း - ကိုယ် နမ်းလို့ ရမလား။

ကျိုးချန် - အင်း

မေးစေ့လေးကို ဆွဲမော့ကာ နှုတ်ခမ်းလေးကို ဖွဖွလေး နမ်းရှိုက်လာသည်။ ကျိုးချန် ဘက်မှလည်း အနမ်းတွေကို ပြန်လည်တုန့်ပြန်ပေးမိသည်။

ကျိုးချန် - အွန်း ပြွတ်စ်! အင်း

အနမ်းတွေ ကြမ်းလာတာနဲ့ ကျိုးချန် ကို ပက်လက်လှန်လိုက်ပြီး ကျိုးချန်ပေါ်မှ အုပ်မိုးကာ အနမ်းတွေကို ပြန်ဆက်လိုက်သည်။

ကျိုးချန်လက်တွေက ဟိုက်ခွမ်း ရဲ့ ပခုံးကို ဆုပ်ကိုင်ထားသလို ဟိုက်ခွမ်းရဲ့ လက်ကလည်း ကျိုးချန် လည်ပင်းအောက် လျှို၀င်ကာ ထိန်းကိုင်ထားပြီး လက်တစ်ဖက်က ကျိုးချန် ရဲ့ ည၀တ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ကာ အတွင်းသားတွေကို ပွတ်သပ်နေသည်။

ကျိုးချန် - အွန်း ဟင်း ကိုကို ခန!!

နမ်းနေရာမှ ရပ်ခိုင်းတော့

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now