🦋42🦋 [ Zawgyi ]

340 34 0
                                    

ခွမ်းအာ - ပါးပါးပျော်နေတာလား ဟင်

ကျိုးချန် - ဘာကိုလဲ သား

ခွမ်းအာ - Daddy နဲ့ အတူတူ နေရလို့လေ။

ကျိုးချန် - သားတို့ကရော မပျော်လို့လား။

ခွမ်းအာ -ပျော်တယ် ဟီး! Daddy   က အရင်လို မဟုတ်တော့တာကို သားမြင်နေရတယ်။

ကျိုးချန် - ပါးပါးတို့ Daddy ကို အခွင့်အရေးလေး ပေးလိုက်ကြရအောင်။

ခွမ်းအာ - ဟုတ်! ချန်အာ ကရော အရင်က Daddy အနား အရမ်းကပ်ပြီး အခုကျတော့ ခပ်ခွာခွာနဲ့။ ချန်အာ က Daddy ကို မချစ်တော့တာလား မသိဘူး။

ချန်အာ - ညီမလေး လည်း Daddy ကို ချစ်ပါတယ်။ ဒါပေမယ့် Daddy က တကယ်ပဲ ညီမလေးတို့ကို လိုအပ်လို့လား။

ရေခဲမုန့်ခွက်လေး ကိုင်ကာ အခန်းထဲ ၀င်လာသော ချန်အာ၊ ကျိုးချန် ပေါင်ပေါ် တတ်ထိုင်ပြီး သူ့အစ်ကို ရဲ့ မေးခွန်းကို ကိုယ်တိုင်ဖြေလေသည်။

ကျိုးချန် - Daddy က သမီးတို့ကို ချစ်ပါတယ်။

ချန်အာ - ဟွန်း ပါးပါး ပဲ ပြောတော့။ ကိုကို Ice-cream စားမလား

ကျိုးချန် - ကိုကို က စားလို့ မရသေးဘူး။ ကိုကို က စွတ်ပြုတ်ပဲ သောက်လို့ ရအုံးမှာ

ချန်အာ - အိုး မုန်းစရာကောင်းတာ။ ချန်အာ နေမကောင်းရင် စွတ်ပြုတ်မသောက်ဘူးနော်

ကျိုးချန် - နေမကောင်းမဖြစ်ကြပါနဲ့။ သားနဲ့ သမီး နေမကောင်းရင်  ပါးပါး ၀မ်းနည်းရလွန်းလို့ပါ

ချန်အာ - ချန်အာ က စတာပါ ပါးပါး ရဲ့!

ပေါင်ပေါ်က သမီးကို ဘေးဘက်ချပြီး ခွမ်းအာ ကို စွတ်ပြုတ်တိုက်ဖို့ ပြင်ရသည်။ ပြီးရင် ဆေးတိုက်ဖို့ က လုပ်ရအုံးမည်။

ကျိုးချန် - အာ

ခွမ်းအာ - အာ

စွတ်ပြုတ် တို့ ဆန်ပြုတ်တို့ သောက်ရမယ်ဆိုရင် ကလေး တွေက မသောက်ချင်တာမို့ ကျိုးချန်မှာ သူတို့ မသောက် သောက်အောင် အမျိုးမျိုး လုပ်ရသည်။

ကျိုးချန် - ဝါး ပါးပါး သားလေးက လိမ္မာတယ်။ လာပါအုံး နောက်တစ်ဇွန်း အာ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteDonde viven las historias. Descúbrelo ahora