🦋36🦋 [ Zawgyi ]

425 38 3
                                    

- သခင်လေး သူတို့ကို ခေါ်လာပါပြီ။

ကျိုးချန် - အင်း! သွားကြမယ်။ အငယ်လေး မင်းတို့ အစ်ကိုလေး လာရင် အနောက်ဘက်အိမ်ကို ခေါ်လာခဲ့

- ဟုတ်ကဲ့ သခင်လေး

လုံအန်း အပါအ၀င် သက်တော်စောင့် ၃ ယောက်နဲ့ အတူ အနောက်ဘက် အိမ်ကို ထွက်လာခဲ့သည်။

အိမ်ဘက်ရောက်တော့ အစောင့်လေး ၂ယောက် က တံခါးအဆင်သင့်ဖွင့်ပေးလေသည်။

အိမ်ထဲ ၀င်သွားတော့ ခုံပေါ် မှာ ကြိုးချည်ခံထားရတဲ့ ကောင်မလေး မဟုတ်သေးဘူး ကျွန်တော့် ကလေး ကို စိတ်ဒဏ်ရာ ရော ကိုယ်ပေါ်က ဒဏ်ရာ ပါ ရအောင် လုပ်တဲ့ သူ

- ချန်....ချန်CEO

သူ့ကို တွေ့တော့ အံ့သြပြီး ကြောက်ရွံ့နေသော သူမ ကို ကြည့်ပြီး ကျိုးချန် မဲ့ပြုံး ပြုံး ကာ သူမ ရှေ့မှာ ၀င်ထိုင်လိုက်သည်။

အဖြူရောင်ဆွယ်တာ လည်ပိတ်ကို ၀တ်ဆင်ထားပြီး စတိုင်ပန် ဘောင်းဘီ နက်ပြာရောင်လေးကို ၀တ်ဆင်ထားသော ကျိုးချန် ဟာ အ၀တ်အစား နဲ့ ရုပ်နဲ့ မလိုက် ဖြစ်နေသည်။

မျက်နှာအမူအရာ က လုံး၀ကို ခက်ထန်နေပြီး သူရှေ့က ကောင်မလေး ကို သတ်ပစ်ချင် လောက်တဲ့ အထိ ဖြစ်နေသည်။

ကျိုးချန် - မင်း ရဲ့ သား ကို ဘယ်လိုတွေ သွန်သင်ဆုံးမ ထားလဲ။

- ရှင်!! ကျွန်မ.. ကျွန်မ ဘာများလုပ်မိလို့လဲ။

ကျိုးချန် - အဟက် လျှိုဟိုက်ခွမ်း က ၀မ်ကျိုးချန် ကို မချစ်ဘူး။ ကလေး နှစ်ယောက်ကလည်း လျှိုဟိုက်ခွမ်း မလိုချင်ပဲ ရလာတဲ့ ကလေး။ စွန့်ပစ်ခံ ရတာ နည်းတောင် နည်းသေးတယ် လို့ မင်း ပါးစပ်က ထွက်ထားတဲ့ စကား ကို မင်း မမေ့ဘူးလို့ ထင်တယ်။

- ကျွန်.....ကျွန်မ တောင်းပန်ပါတယ်။

ကျိုးချန် - မင်း တောင်းပန် လည်း အလကား ဖြစ်သွားပြီး ငါ့သားသမီး စိတ်ဒဏ်ရာ ရမှာ စိုးလို့ ၁၀ နှစ်ကျော် ထိန်းသိမ်းထားတဲ့ ကိစ္စကို မင်းတို့လို့ ဘာမဟုတ်တဲ့ လူတွေကြောင့် ငါ့ ကလေးတွေ စိတ်ဒဏ်ရာ ရကုန်ပြီ။ မဟုတ်သေးဘူး မင်း သား လုပ်လိုက်လို့ ငါ့သား ကျောမှာ ဒဏ်ရာ ရထားတယ်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now