🦋46🦋 [ Unicode ]

156 10 0
                                    

ကျိုးချန် အလုပ်လုပ်နေရင်းမှ လုံအန်း ရဲ့ သတိပေးချက်ကြောင့် ဆေးသောက်ဖို့ သတိရတော့သည်။

ကိုယ်တိုင် သွားမယူတော့ပဲ လုံအန်းကိုသာ ယူခိုင်းပြီး စာရင်းတွေသာ ဆက်လုပ်နေလိုက်သည်။

မိနစ် ၂၀လောက် ကြာသွားမှ လုံအန်း က ဆေးရဲ့ ရေခွက် ကို လင်ဗန်းလေးနဲ့ သယ်လာကာ အခန်းထဲ ၀င်လာလိုက်လေရဲ့

ကျိုးချန် - ဆေးသေတ္တာရှာမတွေ့လို့လား။

- မဟုတ်ပါဘူး!

ရှေ့ရောက်လာသော ဆေးဗူးထဲမှ ဆေးကို ကို ယူကာ မော့သောက်လိုက်ပြီး ရေကိုပါ တစ်ခါတည်း သောက်လိုက်သည်။

ကျိုးချန် - လုံအန်း မင်းမျက်နှာ က ဘာဖြစ်နေတာလဲ။

- သခင်လေး ဟိုဟာ

ပြောဖို့ တွန့်ဆုတ်နေသော လုံအန်းကို ကျိုးချန် စွေကြည့်လိုက်ပြီး

ကျိုးချန် - ပြောစရာရှိတာ ပြော ဘာတွေ တွန့်ဆုတ်နေတာလဲ

- အစ်ကိုလေးဟိုက်ခွမ်း သိသွားပြီ။ သခင်လေး ရဲ့ ရောဂါအကြောင်း

ကျိုးချန် - ဘာ!!!

ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ လုံအန်း ရဲ့ အင်္ကျီစကို ဆောင့်ဆွဲ ကာ

ကျိုးချန် - မင်း ကို ငါဘာပြောထားလဲ ဟမ်! သူ့ကို မပြောပါနဲ့ ဆိုတာ

- ကျွန်တော် မပြောပါဘူး သခင်လေး။ ကျွန်တော် ဆေးသွားယူတော့ အစ်ကိုလေး လက်ထဲမှာ ဆေးဗူးက! အစ်ကိုလေးက သူ့ကို အမှန်တိုင်း မပြောတော့ သူက ဘာမှ မဟုတ်တဲ့လူ သခင်လေးနဲ့ မထိုက်တန်လို့ သူ့ကို ဖုံးကွယ်ထားတာလား ဆိုပြီး ပြောလာလို့ ကျွန်တော် ၀န်ခံလိုက်ရတာပါ။

ကျိုးချန် - ဟာကွာ!! တောက်စ်!!!

လုံအန်း ကို တွန်းလွှတ်လိုက်ပြီး စာကြည့်ခန်းထဲမှ အမြန်ပြေးထွက်ကာ အပေါ်ထပ်ကို ပြေးတတ်တော့သည်။

သူတို့ အခန်းထဲ ရောက်တော့ ၀ရံတာမှာ နံရံကို ခေါင်းနဲ့ ဆောင့်နေသော ဟိုက်ခွမ်း ကို တွေ့လိုက်ရသည်။

ဟိုက်ခွမ်း ရှိရာကို အမြန်ပြေးသွားလိုက်ပြီး ခါးမှ သိမ်းဖက်ကာ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now