🦋24🦋 [ Zawgyi ]

396 42 3
                                    

တရားရုံး ရက်ချိန်းတွေကို တတ်ရ၊ ကုမ္ပဏီခွဲ ရဲ့ စာရင်းတွေ စစ်ရနဲ့၊ အခုတလော ကလေး ၂ယောက်ကိုတောင် အချိန်မပေးနိုင်

ထူးတော့ ထူးဆန်းသား ခါတိုင်း ကျွန်တော် အချိန်မပေးနိုင်ရင် ဂျီကျနေကြ သမီးဖြစ်သူ က ဂျီမကျပေ၊

ယွင်လုံ - ရော့ ဒီဟာမှာ လက်မှတ်ထိုးပေးအုံး။

ကျိုးချန် - ဒီဟာ လက်မှတ်ထိုးပြီးရင် ဘာရှိသေးလဲ။

ယွင်လုံ - မရှိတော့ဘူး။ ရှေ့နေကြီးကလည်း အစည်းအဝေးရှိလို့ မလာတော့ဘူးတဲ့။

ကျိုးချန် - အင်း ဒါဆို ငါ အိမ်ပြန်တော့မယ်။ အခုတလော သားနဲ့ သမီး ကို အချိန်မပေးဖြစ်တော့ ဒီနေ့ အိမ်စောစော ပြန်မလို့။

ယွင်လုံ - ပြန်လေ။ ဒီမှာ ဘာကိစ္စမှ မရှိတော့ဘူး။ တစ်ခုခုဆိုရင် ငါ ဖုန်းဆက်လိုက်မယ်။

ကျိုးချန် - အင်း

လက်မှတ်ထိုးစရာရှိတာ ထိုးပေးပြီး သိမ်းစရာရှိတာ သိမ်းကာ ကုမ္ပဏီမှ ပြန်လာခဲ့သည်။

အိမ်မပြန်ခင် ချစ်ရသော သားနဲ့သမီး အတွက် သူတို့ အကြိုက် ကိတ်မုန့်လေး ၀င်၀ယ်ရသေး

ချန်စံအိမ်တော် အတွင်း ၀င်လာသော ကားအနက်ရောင်လေးကို မြင်ပြီး ခြံ၀န်းထဲရှိ လူတွေ အကုန် ပြာယာခတ်ကုန်သည်။

- သွားပြီ သွားပြီ သခင်လေး ပြန်လာပြီ

- ဘယ်လိုလုပ်မလဲ။

- အေး ပြဿနာတွေတော့ တတ်တော့မယ်။  အိမ်တော်ထိန်းလုံ ဆီ သတင်းသွားပို့!!  ငါ သခင်လေးကို အချိန်ဆွဲထားပေးမယ်။

- ဟုတ်ကဲ့

သက်တော်စောင့် ခေါင်းဆောင်ရဲ့ စကားကို ကြားပြီး အငယ်လေး မှာလည်း အိမ်ထဲ ပြေး၀င်သွားသည်။

သူတို့ ဖြစ်ပျက်နေတာကို မြင်လိုက်သော ကျိုးချန် က

ကျိုးချန် - ဘာတွေ ပြာယာခတ်နေကြပါလိမ့်

ဆင်၀င်အောက် ကားမရပ်ခင် ပန်းဥယျာဥ်  ရဲ့ တစ်ဖက်မှာ ရပ်ထားသော ကားတစ်စီး ကို တွေ့လိုက်ရသည်။ ထိုကား ဟာ ဘယ်သူ့ကားလဲ ဆိုတာ တပ်အပ်သိနေတာမို့ ဒေါသ က ထောင်းခနဲ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now