ကျိုးချန် - ဖိုးဖိုး ချန်အာ တောင်းပန်ပါတယ်။ ချန်အာ ကို စိတ်မဆိုးပါနဲ့။ ချန်အာ ကိုကို့ ကို အရမ်းချစ်လို့ ပိုင်ဆိုင်ချင်လို့ပါ။
ကြမ်းပြင်မှာထိုင်ကာ အဖိုးရဲ့ လက်လေးကို ဆုပ်ကိုင်ပြီး အဖိုးလက်ဖမိုးထက် ပါးအပ်ကာ ချစ်ရသူကို ဘယ်လောက်ချစ်ကြောင်း ပြောပြနေမိသည်။
- မြေး အဖိုးမှာ မျိုးဆက်ဆိုလို့ မြေးပဲ ရှိတော့တာ။ အဖိုးက မြေးကို မိန်းမနဲ့ သားသားမီးမီးတွေ နဲ့ ပျော်ရွှင်စေချင်တာ။
ကျိုးချန် - ကျွန်တော် မွေးပေးနိုင်တယ် ဖိုးဖိုး။
- ပေါက်ကရ မပြောနဲ့ မြေး။ ယောကျာ်းလေးက ဘယ်လိုဖြစ်ပြီး ကလေးမွေးပေးနိုင်မှာလဲ
ကျိုးချန် - ချန်အာ မနေ့က ဆေးရုံမှာ မိသားစုဆရာ၀န်နဲ့ သွားစစ်ဆေးကြည့်တယ်။ ချန်အာ မှာ မွေးရာပါ သားအိမ် ရှိတယ်တဲ့။ အခု ချန်အာလည်း မိန်းကလေးတွေလို ရာသီသွေးဆင်းတယ် ဖိုးဖိုး
ချန်သခင်ကြီး မှာ မြေးဖြစ်သူ ပြောတဲ့ စကားတွေ ကြားပြီး အံ့သြသွားသည်။ ဒါ ဘယ်လို ယုတ္တိမရှိတဲ့ အဖြစ်ကြီးလဲ။
- အားချန်
ကျိုးချန် - ဗျာ
- သူနဲ့ နေရရင် အားချန် ပျော်မှာလား။
ကျိုးချန် - သေချာပေါက် ပျော်မှာ
- သူ့ကိုရော ဘယ်လောက်ထိ ချစ်လဲ။ အားချန် တို့ ဘယ်လို စတွေ့ကြလဲ။ အဖိုး ကို ပြောပြနိုင်မလား။
ကျိုးချန် - ဟုတ်ကဲ့...
⏭⏭⏭FlashBack⏮⏮⏮
ပေကျင်း အနုပညာတက္ကသိုလ် ဆိုတဲ့ မုဒ်ဦး၀ ကိုမော့ကြည့်ပြီး ကျိုးချန် ပြုံးလိုက်သည်။
ဒီကျောင်းမှာ သူရဲ့ သူငယ်ချင်း မုယွင်လုံ ရှိသည်။ ဒီနေ့ သူတို့ နှစ်ယောက် အပြင်ထွက်လည်ဖို့ ချိန်းထားခြင်း ဖြစ်သည်။
ကျွန်တော်ရဲ့ စီးပွားရေး တက္ကသိုလ် ကို သူမလာနိုင်တာကြောင့် ကိုယ်ကပဲ သူရှိရာ ဒီကျောင်းတော်ကို လာရတာပေါ့......
- ဟဲ့ ဟဲ့ ဒီနေ့ စီနီယာဟိုက်ခွမ်း ရဲ့ ပြဇာတ် ရှိတယ်မလား။
- အေး ဟုတ်တယ်။ စီနီယာဟိုက်ခွမ်း က အရမ်းချောတယ်။ ဒီနေ့ပွဲကတော့ လူစည်မှာ အသေချာပဲ။
YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...