🦋29🦋 [ Zawgyi ]

366 34 3
                                    

📲📲📲📲📲📲

အဆက်မပြတ် မြည်ဟီး လာသောဖုန်းသံကြောင့် ကျိုးချန် ဖုန်းရှိရာကို လက်နဲ့ စမ်းလိုက်သည်။

သူအိပ်ချင်သေးတယ်။ ဘယ်သူက အစောကြီး ဖုန်းခေါ်နေတာလဲ။ ကျစ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ! တအားပဲ ကွာ

ဖုန်းရတော့ မပွင့်တပွင့် မျက်လုံးကို မနည်းကြိုးစားဖွင့်ကာ ခေါ်ဆိုသူကို ကြည့်လိုက်တော့ မသိသော နံပါတ်၊ အချိန်ကြည့်လိုက်တော့ မနက် ၃နာရီခွဲ တဲ့။

ငါ-ိုး အစောကြီး ဘယ်သူလဲ။

သူ ဖုန်းကို ကြည့်နေတုန်းမှာပင် ဖုန်းက ကျသွားသည်။ လက်ထဲက ဖုန်းကို ပြန်ချဖို့ အလုပ် ပြန်၀င်လာသော ဖုန်း!

ဒီတစ်ခါတော့ သူဖုန်းကိုင်လိုက်သည်။

📞ဝေ ဘယ်သူလဲ စောစောကြီးကြီး📞

📞ကျိုးချန် အိမ်ပြန်လာခဲ့📞

📞ဘယ်သူလဲ။ ကျွန်တော့်ကို အမိန့်ပေး....ခင်ဗျား လျှိုဟိုက်ခွမ်း📞

အိပ်ချင်နေတာမို့ တစ်ဖက်လူကို ပိတ်ဟောက်ပစ်လိုက်ပြီး အသံကို ကြားမှ သူမှန်း သိတော့သည်။

📞အင်း ကိုယ်! သမီး ဖျားနေတယ်။ ဆေးတိုက်တာလည်း မသောက်ဘူး။ မင်း ကိုပဲ ခေါ်နေတာ။ အရမ်းလည်း ဂျီကျနေတယ်။📞

📞ဘာ!!! ခင်ဗျား သမီးကို ဘယ်လိုတောင် စောင့်ရှောက်နေတာလဲ ဟမ်! ကျွန်တော် အခုပြန်လာပြီ။ သမီးကို ရေပတ်တင်ထားပေး။ ချွေးစိုနေတဲ့ အ၀တ်တွေပါ လဲထားပေး📞

📞အင်း အင်း ကိုယ်လုပ်.....📞

တီ တီ တီ

စကားတောင် ဆုံးအောင် မပြောလိုက်ရ တစ်ဖက်က ဖုန်းချသွားလေသည်။

ကျိုးချန် အိပ်ယာမှ အမြန်ထပြီး ကားသော့ ကို ယူကာ အခန်းထဲမှ ပြေးထွက်လာသည်။ မနက်ကျရင် သူ့ကို မတွေ့ရင် ယွင်လံူ စိတ်ပူနေမှာ စိုးလို့ Note လေး ရေးထားခဲ့ပြီး ရေခဲသေတ္တာမှာ ကပ်ခဲ့လိုက်သည်။

သမီးက နေမကောင်းရင် ကိုယ်မှ ကိုယ်၊ တခြား ဘယ်သူမှ သူ့ကို ချီလို့ မရပေ။ သမီး က ဖျားနေရင် အရမ်းဂျစ်တိုက်တတ်သည်။  အခုလည်း သူချော့နေတာ မရလို့ ဖုန်းလှမ်းဆက်ခေါ်တယ် ထင်ပါ့!!

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now