🦋27🦋 [ Zawgyi ]

378 36 4
                                    

ချန်ဖိုးဖိုး ရဲ့ စီစဥ်ပေးမှုကြောင့် ကျိုးချန် နဲ့ ဟိုက်ခွမ်း ပြန်ပြီး လက်ထပ်ခဲ့ကြသည်။

ချန်အာ -  ရေး နောက်ဆုံးတော့ Daddy နဲ့ အတူတူနေရပြီ

ခွမ်းအာ - အဲလောက်တောင် ပျော်နေတာလား

ချန်အာ - ပျော်တာပေါ့။ အခုဆို မူကြိုမှာ သူငယ်ချင်းတွေကို ကြွားလို့ရပြီလေ။ ကိုကိုရော မပျော်ဘူးလား။

ခွမ်းအာ - ပျော်ပါတယ်။

ချန်အာ -ဒီည Daddy တို့နဲ့ အတူတူ အိပ်ရတော့မယ်။

ခွမ်းအာ - အိပ်လို့ မရဘူးလေ။ ဒီည က Daddy နဲ့ ပါးပါး တို့ရဲ့ ည

ချန်အာ - ဘာလို့ မရတာလဲ။ ချန်အာ က ပါးပါး နဲ့မှ မအိပ်ရရင် အိပ်မှ မပျော်တာ

ဟုတ်တာပေါ့ ချန်အာ ဆိုတဲ့ ကလေးမက တနေကုန် သူ့Daddy အနား ကပ်ပြီး ညအျရင် သူ့ပါးပါးနဲ့ မအိပ်ရရင် အိပ်မပျော်ပဲ ဂျစ်ကျလေရဲ့။

- သခင်ငယ်လေးနဲ့ သခင်မလေး ဘာတွေ ​ပြောနေကြတာလဲ။

ချန်အာ - ဦးဦး လုံအန်း! ချန်အာ ကနေ ဒီည Daddy ရော ပါးပါး ရော နဲ့ အိပ်ရမှာ ကို ကိုကို က မရဘူးတဲ့။

- အယ်!!

လုံအန်းမှာ ဘာ​ပြန်ပြောလို့ ပြောရမှန်း မသိတော့ပေ။ သခင်လေး လား အစ်ကိုလေးဟိုက်ခွမ်း နဲ့ အတူအိပ်မှာ။ မနက်ကျရင် အစ်ကိုလေးဟိုက်ခွမ်း မသေသေးရင် ကံကောင်း

ပြောမဲ့သာ ပြောရတာ သခင်လေးက အစ်ကိုလေး ဒဏ်ရာသေးသေးလေး ရရင်တောင် ငါးရံ့ပြာလူးသလို ဖြတ်ဖြတ်လူး

ခွမ်းအာ - ချန်အာ ကိုကို တို့က ကြီးနေပြီလေ။ ပါးပါးတို့နဲ့ အခန်းခွဲအိပ်သင့်နေပြီ။

ချန်အာ - ဟမ်

- ကဲ မောင်နှမ နှစ်ယောက် တော်ကြတော့။ ညစာစားဖို့ အချိန်ရောက်ပြီ။

မောင်နှမ ၂ယောက်လက်ကို ဆွဲကာ အောက်ထပ် ထမင်းစားခန်းထဲ ၀င်လာခဲ့လိုက်သည်။

ထမင်းစားခန်းထဲမှာ ထိုင်နေသော ဟိုက်ခွမ်း ကို တွေ့တာနဲ့ ချန်အာက ပြေးသွားတာ

ချန်အာ - Daddy!!

ဟိုက်ခွမ်း - လာပြီလား ချန်အာ။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now