🦋31🦋 [ Zawgyi ]

353 36 1
                                    

ဟိုက်ခွမ်း သားဖြစ်သူ ကို ကားပေါ် အသေအချာ တင်ပေးပြီး ခါးပတ်ကိုလည်း သေသေချာချာ ပတ်ပေးရင်း

ဟိုက်ခွမ်း - သား စားချင်တာတွေ ၀ယ်ချင်တာတွေ စဥ်းစားထားနော်။ ဒီနေ့ Daddy က အကုန် ၀ယ်ပေးမယ်။

ခွမ်းအာ - ဟုတ်ကဲ့ Daddy

ဟိုက်ခွမ်း - ကဲ သွားကြရအောင်

ကားစက်လေး နှိုးပြီး ခြံထဲမှ  ဖြည်းဖြည်းချင်း မောင်းထွက်လာခဲ့သည်။

ကားထဲမှာလည်း သားသား အကြိုက် ကလေးသီချင်းလေးတွေ ဖွင့်ပေးတော့ ပါးစပ်လေး လှုပ်စိလှုပ်စိ နဲ့ လိုက်ဆိုကာ ခန္ဓာကိုယ်လေး ကလည်း တလှုပ်လှုပ် နဲ့

ဟိုက်ခွမ်း သားကို ကြည့်ပြီး သဘော အကြီးကြီး ကျနေသည်။

ခွမ်းအာ - Daddy ပါ လိုက်ဆို

ဟိုက်ခွမ်း - ကောင်းပါပြီ ဗျာ!

သားရဲ့ သဘောအတိုင်း ကလေးသီချင်းတွေကို လိုက်ဆို တော့ သားက ပိုပြီး မြူးထူးလာလေသည်။

Ent ရှေ့ ကားကို ထိုးရပ်လိုက်တော့ အတွင်းရေးမှူး ရယ် မန်နေဂျာ ရယ် ကုရမ် ရယ် ကားအနားအပြေးလာကြသည်။

- မင်း ဘာလို့ နောက်ကျနေတာလဲ။ ဘာလဲ မင်းယောကျာ်း နဲ့ မင်္ဂလာဦးညလေး ကို ဖန်တီးပြီး မနက် မထနိုင်တာလား။

ကားပေါ်က ဆင်းဆင်း ခြင်း ကုရမ် ရဲ့ အမေးကြောင့်

ဟိုက်ခွမ်း - မင်း ဘာတွေ လျှောက်မေးနေတာလဲ။ ငါ့သား ပါလာတယ် ကလေးရှေ့ အပြောအဆို ဆင်ခြင်!

- ဟမ်! မင်းရဲ့ သား!

ဟိုက်ခွမ်း ကုရမ် ကို ဘာမှ ပြန်မပြောတော့ပဲ သားရှိရာ ကားတစ်ဖက်ခြမ်း ကိုသွားလိုက်သည်။ ကားတံခါး ဖွင့်ပေးလိုက်ပြီး သားကို ခါးပတ်ဖြုတ်ပေးကာ ပွေ့ချီလိုက်ရင်း ကုရမ်တို့ ဘက်ကို လျှောက်လာခဲ့သည်။

ကားသော့ကို အတွင်းရေးမှူးထံ ပေးပြီး

ဟိုက်ခွမ်း - ပါကင် သွားထိုးလိုက်

- ဟုတ်ကဲ့ Boss!

ဟိုက်ခွမ်း သားကို ချီလျက်နဲ့ပင် ကုမ္ပဏီထဲ ၀င်လာခဲ့သည်။ ကုရမ် နဲ့ မန်နေဂျာ ဖြစ်သူ မှာတော့ တစ်ထေရာတည်း တူလွန်းသော ခွမ်းအာလေးကို ကြည့်ပြီး ဟိုက်ခွမ်း ရဲ့ ဆံပင်တွေကို တစ်မွှေးမှ မကျန်အောင် ဆွဲနှုတ်ချင်နေသည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ