🦋9🦋 [ Unicode ]

147 11 0
                                    

ဒီနေ့ ဟိုက်ခွမ်း စိတ်ပင်ပန်း သလို လူလည်း ပင်ပန်းနေသည်။

ဝမ်ကျိုးချန် ကို ကောင်လေး တစ်ယောက်နဲ့ ဟိုတယ်ထဲ အတူတူ ၀င်သွားတာကို တွေ့ လိုက်ရတော့ စိတ်တိုမိသည်။

ကိုယ့်ကို ချစ်တယ် ပြောပြီး တခြားယောကျာ်းနဲ့ ဖက်လဲတကင်းနေနေတာကို သူမကြိုက်! သ၀န်တိုနေတာလားဆိုတာလည်း မဟုတ်၊

ဘာလို့မှန်း မသိ ၀မ်ကျိုးချန် ကို တခြားတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်တာကို မကြိုက်ပေ။

လျှိုပါးပါး အပေါ် ဒေါသထွက်နေတာတွေ က ကျိုးချန် အပေါ် ပုံချသွားသလို ဖြစ်သွားသည်။

အကြောင်းမှာ ဒီနေ့ လျှိုပါးပါး က ဘာမပြောညာမပြောဖြင့် သူတို့ ကို ဟိုတယ်မှာ ချိန်းပြီး နောက်အိမ်ထောင်မှုမဲ့ အကြောင်း ပြောလာတာမို့။ နောက်အိမ်ထောင်ပြုတာကို လက်ခံနိုင်ပေမယ့် ပါး ယူမဲ့ သူက အစ်ကိုဖြစ်သူရဲ့ ချစ်သူ မို့ ဒေါသထွက်မိတာဆို အမှန်

- ခွမ်းအာ

ဟိုက်ခွမ်း - ကိုကြီး အဆင်ပြေရဲ့လား။

- အင်း ပြေပါတယ်။ ကိုကြီး ကို စိတ်မပူနဲ့။ ခွမ်းအာ ကောင်လေး ခြေထောက်မှာ ဒဏ်ရာ ရသွားတယ် ထင်တယ်။

ကိုကြီး ပြောလာမှ ကြမ်းပြင်ပေါ်က သွေးစက်တွေကို တွေ့လိုက်ရသည်

ဟိုက်ခွမ်း - မနက်ဖြန် မှ ကျွန်တော် ချော့လိုက်မယ်။ ဒီည ကိုကြီး ဒီမှာ အိပ်သွားလိုက်တော့။ မနက်ကျမှ လေဆိပ် လိုက်ပို့ပေးမယ်

- အင်း

ကိုကြီး အခန်းထဲ ၀င်သွားမှ သူလည်း အခန်းထဲ ၀င်လာလိုက်သည်။ သူ ကျိုးချန် အပေါ် မတရားမှန်း လည်း သိပေမယ့်လည်း ဟိုတယ်ထဲ ၀င်သွားသော ပုံရိပ်တွေက သူ့ကို ပြန်ပြီး ဒေါသထွက်စေသည်။

ပြဿနာဖြစ်ပြီး နောက်ပိုင်း သူတို့ နှစ်ယောက် မဆက်သွယ်ဖြစ်ပေ။ မဆက်သွယ်ဘူးဆိုတာထက် ကျိုးချန် မှာလည်း ချန်Com မှာ အလုပ်လုပ်နေရပြီ ဖြစ်သည်။

ယွင်လုံ - မင်း ရုပ်က ဘာဖြစ်နေတာ

ကျိုးချန် - ကိုကို က ငါ့ကို ဖုန်းလည်း မဆက်ဘူး။ ငါ စိတ်ဆိုးနေတာကို မချော့ဘူး။ ဖုန်းလည်း မဆက်သလို စာလည်း မပို့ဘူး။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWo Geschichten leben. Entdecke jetzt