🦋25🦋 [ Zawgyi ]

387 38 2
                                    

ဟိုက်ခွမ်း - ၀မ်ကျိုးရီ မင်း ဘာလို့ ကိုယ့်မောင်လေးကို

ကျိုးရီ - မောင်လေး အဟက်! အဲ့ ကောင်ကို မောင်လေး လို့ ငါ မသတ်မှတ်ဘူး။ တရားမ၀င် မိန်းမ ရဲ့ သား

ဟိုက်ခွမ်း - ဒါဆို မင်းလည်း တရားမ၀င် မိန်းမ ဖြစ်ခဲ့တာပဲ။

ကျိုးရီ - ဘာ!!!

ဟိုက်ခွမ်း - ဟုတ်တယ်လေ။  မင်း နဲ့ ငါ လက်ထပ်မှတ်ပုံတင် တင်တုန်းက ဘယ်မီဒီယာများ သိခဲ့ကြလဲ။ ဘယ်သူများ သိခဲ့ကြလဲ။ နှစ်ဖက်မိဘ သိတယ် မပြောနဲ့။ ငါ့ မိဘတွေ တွေက အဲ့တုန်းက ကျိုးချန် နဲ့ ကွာရှင်းလိုက်လို့ ငါ့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ။

ကျိုးရီ - ဟိုက်ခွမ်း

ဟိုက်ခွမ်း - တစ်ချိန်က ပတ်သက်ဖူးတဲ့ သူအနေနဲ့  မှာချင်ပါတယ်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။  ပြန်တော့မယ်။

ကျိုးရီ ကို နှုတ်ဆက်ကာ ဟိုက်ခွမ်း ထောင်ထဲမှ ထွက်လာလိုက်သည်။

ထောင်ရဲ့ အထွက် မှာ တွေ့လိုက်ရသော လူနှစ်ယောက်ကြောင့် ဟိုက်ခွမ်း မျက်နှာကြောတို့ တည်တင်းသွားသည်။

ကျိုးချန် - ရပြီ ယွင်လုံ

ကျိုးချန် မျက်လုံးထဲ အကောင်၀င်သွားလို့ ယွင်လုံ က လေလေးနဲ့ မှုတ်ကာ ဖယ်ပေးနေတုန်း မျက်လုံးတောင့်တွင် မြင်လိုက်သော အရိပ်ကြောင့် ယွင်လုံ ကို တားလိုက်မိသည်။

ထိုသူကို မုန်းပေမယ့် ထိုသူ အထင်အမြင်လွဲ မှာကိုတော့ ကြောက်သည်။

ဟိုက်ခွမ်း - ထောင်မှာ လာပြီး ကြည်နူးနေကြတာ။

ကျိုးချန် - ခင်ဗျားလည်း ခင်ဗျား မယားဆီ လာပြီး ကြည်နူးနေတာမလား။ ယွင်လုံ သွားရအောင်။

ယွင်လုံ - အင်း

ကျိုးချန် က အရှေ့ကနေ အရင်၀င်သွားခဲ့ပြီး ယွင်လုံ က အနောက်ကနေ လိုက်သွားသည်။

ယွင်လုံ သူ့အနားက အဖြတ် ဟိုက်ခွမ်း က ယွင်လုံ လက်ကို ဆွဲပြီး

ဟိုက်ခွမ်း - ကလေးတွေရဲ့ ပါးပါး အနား မကပ်နဲ့ ။ ကိုယ့် အဆင့်ကိုယ် သိပါ ယွင်လုံ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteHikayelerin yaşadığı yer. Şimdi keşfedin