🦋19🦋 [ Unicode ]

164 11 4
                                    

ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း တူညီဝတ်စုံများ ၀တ်ဆင်ထားသော လုံခြုံရေးဝန်ထမ်း၊ သက်တော်စောင့် တွေ အများအပြား နေရာယူထားကြသည်။

လေဆိပ်ထွက်ပေါက်တွင်လည်း အနက်ရောင် ကား ၅စီးက အဆင်သင့် 

လေဆိပ် အဆောက်အအုံကြီး ရဲ့ မိန်းအပေါက်ကိုလည်း ရှင်းလင်းထားသည်။

ဒီနေ့ ချန်COM ရဲ့ ပဲ့ကိုင်ရှင် ပေကျင်း ကို ပြန်လာမည် ဆိုသော သတင်းက သတင်းမီဒီယာ သမားတွေ အတွက် အကောင်းမွန်ဆုံး သတင်းတစ်ပုဒ်!

ချန်CEO ပေကျင်းမှ ထွက်ခွာသွားတာ ၁၀နှစ်တောင် ကြာခဲ့ပြီ။ နိုင်ငံခြားမှာပဲ နေပြီး ဒီက လုပ်ငန်းတွေကို ထိန်းချုပ်သည်။ အခု က ချန်ဥက္ကဋ္ဌကြီး နေမကောင်းဖြစ်နေပြီး ချန်Com ကို လွှဲပြောင်းပေးတော့မှာ မို့ သူပြန်လာခြင်း။

UK မှ ပျံသန်းလာသော လေယာဉ်အမှတ် ******* လေဆိပ်ကို ဆိုက်ကပ်လာချိန်မှာတော့ အားလုံး လှုပ်လှုပ်ရွရြွဖစ်ကုန်သည်။

- လမ်းအဆင်သင့် ရှင်းထား။

- ဟုတ်ကဲ့ အမိန့်တိုင်းပါ။

အဲ့အချိန်လေး တစ်ခဏမှာ လေဆိပ်အတွင်း ဘာလှုပ်ရှားမှုမှ မရှိ ငြိမ်သက်ကုန်တယ်။

- ရလား သခင်လေး။ သခင်မလေး ကို ကျွန်တော် ချီလိုက်မယ်။

ကျိုးချန် - ရတယ်။ သားသား ကိုသာ သေချာ ဂရုစိုက်။

- ဟုတ်ကဲ့

ကျိုးချန် က အိပ်ပျော်နေသော သမီးငယ်ကို ပွေ့ချီပြီး လုံအန်းကတော့ သားငယ်လေးကို လက်တွဲထားသည်။

- ပါးပါး ညီမလေးက အိပ်နေတာလား။

ကျိုးချန် - ဟုတ်တယ် သား။ တိတ်တိတ်နေနော်။ ညီမလေး က အိပ်ရေးမ၀ရင် နေမကောင်းဖြစ်လိမ့်မယ်။

- ဟုတ်ကဲ့ ပါးပါး

သခင်ငယ်လေး က စကားနားထောင်စွာ ငြိမ်ကျသွားသည်။

ကလေးငယ်လေးကို ချီကာ ထွက်လာသော ချန်CEO ကြောင့် အားလုံး မျက်လုံးပြူးသွားကြသည်။ ပြီးတော့ ဒိုင်နိုဆော အရုပ်ပါသေည အင်္ကျီလက်ရှည်လေးနဲ့ စတိုင်ပန် အနက်လေးကို တွဲဝတ်ထားပြီး ဉီးထုပ်အဝိုင်းလေး ကို ဆောင်းထားသော မျက်လုံးပြူးပြူး၊ ပါးဖောင်းဖောင်း၊ နှုတ်ခမ်းပိစိလေးနဲ့ ကလေးငယ် လေးဟာ ချန်CEO ရဲ့ ကုတ်အင်္ကျီအနားစလေးကို သူ့လက်ဖောင်းဖောင်းပိစိလေးဖြင့် ဆုပ်ကိုင်ထားသည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now