🦋12🦋 [ Zawgyi ]

311 37 4
                                    

ဖုန်းထဲ၀င်လာသော မက်ဆေ့လ် ကို ဖတ်ပြီး ဟိုက်ခွမ်း မဲ့ပြုံး ပြုံးလိုက်သည်။

ဟိုက်ခွမ်း -၃ ရက် မကလို့ ၃နှစ်နေနေ စောက်ဂရုကို မစိုက်ဘူး။

ဟိုက်ခွမ်း ဖုန်းကို ဆိုဖာခုံပေါ် ပစ်ချပြီး ဇာတ်ညွှန်း ထိုင်ဖတ်နေလိုက်သည်။

သူ အနုပညာလုပ်ငန်းတွေကို ရပ်နားထားတာ ကြာပြီ အခုတော့ Fan တွေက သူ့ကို ဘယ်တော့လောက် ပြန်လာမလဲလို့ မေးနေပြီ။

ဒါကြောင့်မို့ သူလည်း လာကမ်းလှမ်းထားသော ဇာတ်ကားကို လက်ခံလိုက်ခြင်း

ဟိုက်ခွမ်း - ကျိုးချန် ကော်ဖီတစ်ခွက်လောက်!

5မိနစ်လောက်နေတော့ ကော်ဖီခွက် မရောက်လာတာကြောင့်

ဟိုက်ခွမ်း - ၀မ်ကျိုးချန် မင်းကို ကော်ဖီတစ်ခွက်လောက်.....ကျစ်! သူမှ မရှိတာ

သူ(ကျိုးကျိုး) မရှိမှန်း သတိရသွားတော့မှ ကိုယ့်ကို စိတ်ပျက်သွားမိသည်။ ဇာတ်ညွှန်း စာအုပ်ကို ချကာ ကော်ဖီ ဖျော်ဖို့ မီးဖိုချောင် ထဲ ၀င်လာလိုက်သည်။

ခွက် ကို ယူကာ ကော်ဖီမှုန့်ထည့် သကြားထည့် နို့မှုန့်ထည့်ပြီး ရေနွေးထည့်ကာ ဖျော်လိုက်သည်။

ရလာသော ကော်ဖီကို သောက်ကြည့်တော့ ဘာအရသာမှ မရှိ

ဟိုက်ခွမ်း - တောက်စ်! ကော်ဖီတစ်ခွက်တောင် အဖြစ်မရှိအောင် မဖျော်နိုင်ဘူး။

ဖုန်းကို ယူကာ မန်နေဂျာ အစ်ကိုဆီ ဖုန်းခေါ်ပြီး ကော်ဖီတစ်ခွက် လာပို့ခိုင်းလိုက်သည်။

သူနေရတာ အဆင်မပြေဘူး။ ခါတိုင်းလည်း အိမ်က တိတ်ဆိတ်နေပေမယ့် သူ(ကျိုးကျိုး) ရှိနေတယ်ဆိုတဲ့ အကြောင်းနဲ့တင် အိမ်က နေလို့ကောင်းသည်။ အခုတော့ခြောက်ခြောက်ကပ်ကပ်နဲ့။

ဟိုက်ခွမ်း - တောက်စ်!!!

- ဘာထဖြစ်တာတုန်း

ဟိုက်ခွမ်း - နေရထိုင်ရတာ အဆင်မပြေဘူး

- ဘာလဲ ကျားကျားကို လွမ်းနေတာလား

ဟိုက်ခွမ်း - မလွမ်းပါဘူး။

- အာဆို ဘာလို့ တတ်တွေခေါက်နေရတာလဲ။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now