🦋33🦋 [ Zawgyi ]

368 38 5
                                    

ကျိုးချန် - သမီး!!!

ဟိုက်ခွမ်း - ကျိုးချန် ဘာဖြစ်တာလဲ။

၁၂ နာရီ နီပါးလောက် အဖျားရှိန်နဲ့ သတိမေ့သွားသော သူဟာ သတိပြန်လာတော့ သမီး ကို အော်တာ လန့်နိုးလာည်။ ဟိုက်ခွမ်း ကျိုးချန် အနား ကို ရောက်လာခဲ့ပြီး

ကျိုးချန် - သမီး ရော ကျွန်တော့် သမီး ဘယ်မှာလဲ!!

ဟိုက်ခွမ်း လက်မောင်း ကို ဆုပ်ကိုင်ကာ အရည်လဲ့နေသော မျက်၀န်းတွေဖြင့် မေးလာသော သူကို ကြည့်ကာ ဟိုက်ခွမ်း အရမ်းသနားသွားသည်။

ဟိုက်ခွမ်း - သမီး က ရှိတယ်။  ဘေးဘက်က ကုတင်မှာလေ။

အဲ့တော့မှ ဘေးဘက်ကို စောင်းငဲ့ကြည့်လိုက်တော့ အောက်ဆီဂျင်ပိုက်လေးဖြင့် အသက်ရှူကာ လက်သေးသေးလေးတွေမှာလည်း ဆေးပိုက်တွေ သွယ်တန်းထားတာကို ကြည့်ပြီး ကျိုးချန် မျက်၀န်းတို့ကို မှိတ်ချလိုက်သည်။

ဟိုက်ခွမ်း - ဆရာ၀န်ကြီးက ပြောတယ် ၂၄ နာရီ ပြည့်မှ အောက်ဆီဂျင်ပိုက်လည်း ဖြုတ်ပေးမယ်တဲ့။ စိတ်ချရအောင်တဲ့

ကျိုးချန် - သမီး ကို ကျွန်တော် ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး။ ကျွန်တော် အဖေကောင်း တစ်ယောက် မဖြစ်ထိုက်ဘူး။

ဟိုက်ခွမ်း - မဟုတ်တာ။ မင်း က သားနဲ့ သမီး အတွက် အဖေကောင်း တစ်ယောက်ပါ။ မင်းလည်း ဖျားနေတယ် ကိုယ့်ကို ဂရုစိုက်ပါ။

ကျိုးချန် - အင်း! ကျွန်တော့်ကို သမီးနား ပို့ပေးလို့ ရမလား

ဟိုက်ခွမ်း - ရတယ်! လာ ကိုယ့်ကို တွဲ

ကျိုးချန် ကို ကူတွဲပေးပြီး သမီး ရဲ့ ကုတင်အနား ကိုပို့ ပေးလိုက်သည်။

သမီးရဲ့ ကုတင်အနားမှာ ၀င်ထိုင်ပြီး သမီး လက်လေးကို ခပ်ဖွဖွလေး ကိုင်ကာ

ကျိုးချန် - ပါးပါး သမီးလေး နေမြန်မြန်ပြန်ကောင်းလာ ရမယ်နော်။ သမီး နေကောင်းလာရင် ပါးပါး တို့ ခရီးထွက်ကြမယ်နော်

သမီး လက်ဖမိုးလေးကို နမ်းလိုက်ပြီး တရှုံ့ရှုံ့နဲ့ ငိုနေလေသည်။ ဟိုက်ခွမ်း ငိုနေသော ကျိုးချန် ပခုံးလေးပေါ် လက်လေးနဲ့ ဖိနှိပ်ပေးပြီး

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteHikayelerin yaşadığı yer. Şimdi keşfedin