ဒီနေ့ လျှိုအိမ်တော် အတွင်း လူအများပြာပန်းခတ်နေကြသည်။
- ဟာ ဟာ ပန်းတွေ အဲ့နားမထားနဲ့လေ။ လျှောက်လှမ်းမှာ ညီညီညာညာလေး ထား
သက်တော်စောင့် ခေါင်းဆောင်မှာ တပည့်ဖြစ်သူရဲ့ မင်္ဂလာပွဲ အတွက် အစကနေ အဆုံးစီစဥ်ပေးနေရသည်။
ကျိုးချန် - မင်္ဂလာကိတ်ရော ရောက်လာပြီလား။
- ရောက်လာပါပြီ သခင်လေး။ ကျေးဇူးပါ သခင်လေး ကျွန်တော် ကလေး နှစ်ယောက် ကို အခုလိုပွဲလေး လုပ်ပေးလို့။
ကျိုးချန် - အဟွန်း သူတို့ နှစ်ယောက်တင်မကဘူးနော်။ ဒီအိမ်မှာ အလုပ်လုပ်ကြတဲ့ လူတွေရဲ့ မင်္ဂလာပွဲကိုလည်း ကျွန်တော်က လုပ်ပေးမှာ။ ဒါနဲ့ သက်တော်စောင့် ခေါင်းဆောင်ရော ဘယ်တော့လဲ
- ဟား မယူပါဘူးဗျာ။ ကျွန်တော် က သခင်လေး တို့ကို သေတဲ့ အထိ စောင့်ရှောက်သွားမှာ။
ကျိုးချန် - ကျွန်တော် ယုံပါတယ်။ ကဲ ပွဲစဖို့ အချိန်က နီး နေပြီ။ ဟိုသုံးယောက်ကို သွားကြည့်လိုက်အုံးမယ်။ သက်တော်စောင့်ခေါင်းဆောင်လည်း ဟိုနှစ်ယောက်ဆီ သွားလိုက်ပါအုံး။ ဘာတွေလိုအပ်လဲလို့
- အမိန့်တိုင်းပါ သခင်လေး!!!
ကျိုးချန် မှာစရာရှိတာ မှာပြီး အိမ်ထဲ ပြန်၀င်လာလိုက်သည်။ အိမ်ထဲရောက်တော့ စားစရာတွေ ပြင်ဆင်နေသော လူတွေကိုလည်း သေချာမှာပြီး ကိတ်မုန့် တစ်တုံး ကောက်ဝါးပြီး အပေါ်ထပ်တတ်သွားလေသည်။
ဟိုက်ခွမ်း - ချန်အာ Daddy စိတ်မတိုချင်ဘူးနော်။
ချန်အာ - ချန်အာ ကို အော်နဲ့။ ပါးပါးတောင် ချန်အာ ကို မအော်ဘူး အီးဟီး
ခွမ်းအာ - ချန်အာ မဆိုးနဲ့။ ပါးပါး အပေါ်ပြန်တတ်လာလို့ ချန်အာ အ၀တ်မလဲရသေးတာ သိရင် ရိုက်လိမ့်မယ်။
ချန်အာ - ချန်အာ ကြိုက်တာ ၀တ်မှာ။ အဲ့ဂါဝန်မ၀တ်ဘူး။
ကျိုးချန် - မ၀တ်ရင် ပါးပါး တို့နဲ့ ကွဲထွက်သွားမှာနော်။ အဲ့ကျရင် ချန်အာ က ဘယ်အိမ်တော် က သမီးလဲ ဆိုပြီး မေးရင် ပါးပါးက မသိဘူးလို့ ဖြေမှာနော်။

YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...