ဟိုက်ခွမ်း လိုင်းသုံးနေတုန်း တတ်လာသော ပုံတွေကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဟိုက်ခွမ်း - တောက်စ်! ၀မ်ကျိုးချန် ကျစ်!
ထွက်လာသော ဒေါသတွေကို ပြန်လည်မြိုချပစ်ပြီး ကိုယ့်အကြောင်း ကိုယ် တွေးလိုက်မိသည်။
ကျိုးချန် ပြောသလို သူက ဘာများ ကောင်းခဲ့လို့လဲ။ ရီထောင်း သေရတာ ကျိုးချန်ကြောင့် ဆိုပြီး ကျိုးချန် နား အကြံအစည် နဲ့ ကပ်ခဲ့တာ သူမဟုတ်လား။
ကျိုးချန် က ရီထောင်း ကို အစကတည်းက မချစ်နိုင်ကြောင်း ငြင်းပြီးသား။ ရီထောင်း သေရတာ ကျိုးချန် ကြောင့် မဟုတ်မှန်း သိခဲ့ရတာ လွန်ခဲ့သော ၅ နှစ်က။
အနုပညာတက္ကသိုလ် မှာ ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ ရှိတာကြောင့် သွားရင်း သူငယ်ချင်း ဖြစ်သူတွေနဲ့ ပြန်တွေ့မှ အကြောင်းစုံ သိခဲ့ရသည်။
သူ ၀မ်ကျိုးချန် အပေါ်မှာ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့သည်။ လက်ထပ်မှတ်ပုံတင် ဖျက်ဆီးတယ်၊ ၀မ်ကျိုးရီ နဲ့ တွဲတယ်။ ပြီးတော့ အောက်လမ်း နဲ့ ပြုစားလို့ ဆိုပြီး သူ့ကို ပစ်ပစ်ခါခါ ပြောခဲ့တယ်။
ဘယ်လောက်ထိလဲ ဆိို ကိုယ့်ရင်သွေး ကိုတောင် ဖျက်ချခိုင်းခဲ့တဲ့ အထိ ကျွန်တော် လုပ်ခဲ့ဖူးသည်။
သမီးရူး ရူးတဲ့ ကျွန်တော် ဟာ ၀မ်ကျိုးရီမှာ ကိုယ်၀န်ရှိမှန်း သိတော့ ကျိုးချန် နဲ့ ကွာရှင်းခဲ့ပြီး ၀မ်ကျိုးရီ ကို လက်ထပ်ခဲ့သည်။
၀မ်ကျိုးရီက လှလှပပ ကို လိမ်ညာသွားတာ။ သူ့မှာ ကိုယ်၀န်မရှိပါပဲ ကျွန်တော့်ကို ညာသွားတာ။
သူမ မှာ ကိုယ်၀န်မရှိကြောင်း သိလိုက်ရတဲ့ အချိန် ကျွန်တော့် ကမ္ဘာကြီး ပြိုလဲ သွားသလို ခံစားလိုက်ရတယ်။
ဘာလို့ အဲ့လို လုပ်ရတာလဲ လို့ မေးကြည့်တော့ *ကို့ ကို ကျိုးရီ မခွဲနိုင်လို့ပါ။ တောင်းပန်ပါတယ်* တဲ့။
ကျွန်တော် ခွင့်လွှတ်ခဲ့ပါတယ်။ အခု မရှိလည်း နောင်တစ်ချိန်တော့ ၀မ်ကျိုးရီ က ကျွန်တော့် အတွက် သမီးလေး တစ်ယောက် မွေးပေးမှာပါ လို့ ယုံကြည်ခဲ့တယ်။

YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...