🦋23🦋 [ Zawgyi ]

426 45 3
                                    

၀မ်ကျိုးရီ နဲ့ ၀မ်သခင်မကြီး ကို လူသတ်ရန် ကြံစည်မှုဖြင့် ကျိုးချန် က တရားစွဲထားသည်။

၀မ်သခင်ကြီး ကတော့ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေလေသည်။

ကျိုးချန် ပြောသမျှ အကြောင်းတွေက တော်တော်လေး ပျံ့နှံ့သွားသည်။

- တကယ်ပဲ အမွှာလေးတွေ အဖေက လျှိုဟိုက်ခွမ်း မဟုတ်ဘူးလား 

- သူတို့ကြားထဲ ဘာပြဿနာများ ဖြစ်ခဲ့ကြတာလဲ။

- ငါ့အထင် ၀မ်ကျိုးရီ က ၀င်နှောင့်ခဲ့တာလား။

အစရှိတဲ့ မေးခွန်း တွေကလည်း တစထက်တစ ကြီးထွားလာသည်။

ဟိုက်ခွမ်း - စကား ခဏ ပြောရအောင်

ကျိုးချန် - ဘာပြောစရာ ရှိလို့ပါလဲ။ ကျွန်တော်တို့ ကြားမှာ ဘာပြောစရာမှ မရှိဘူးထင်တယ်

ဟိုက်ခွမ်း - ပြောစရာ ရှိလား မရှိလား မင်းသိပါတယ်။ ကလေး ၂ယောက်ရှေ့မှာ မေးစေချင်တာလား။

မျက်နှာငယ်လေးတွေနဲ့ မော့ကြည့်လာသော သားနဲ့ သမီး ကြောင့် ကျိုးချန် သက်ပြင်းချကာ

ကျိုးချန် - လုံအန်း ကလေး၂ယောက်ကို အရင်အိမ်တော် ပြန်ပို့လိုက်။

- ဟုတ်ကဲ့ သခင်လေး

ကျိုးချန် - ခွမ်းအာ၊ ချန်အာ ဦးဦးလုံအန်း နဲ့ အိမ်ပြန်လိုက်သွားနော်။ ပါးပါး ပြန်လာရင် မုန့်၀ယ်လာမယ်

- ဟုတ်ကဲ့ ပါးပါး။ ခွမ်းအာ ညီမလေးကို ထိန်းရင်း စောင့်နေပါမယ်။

ကျိုးချန် - အင်း လိမ္မာတယ်။ သွားကြတော့

လုံအန်း နဲ့ ကလေး နှစ်ယောက် ထွက်သွားကြမှ သူတို့ နှစ်ယောက် လေသာဆောင်ဘက်ကို ထွက်လာကြသည်။

ကျိုးချန် - ဘာပြောမှာလဲ။ ပြော စရာရှိတာ မြန်မြန်ပြော။ ကျွန်တော် မအားဘူး။ ခင်ဗျား မယားအတွက် ဆို

ဟိုက်ခွမ်း - ကလေး ၂ယောက်က ကိုယ့် ကလေးလား။

စကားစကို ဖြတ်ကာ ပြောလာသော ဟိုက်ခွမ်း ကို ကျိုးချန် ခပ်စူးစူး စိုက်ကြည့်ပြီး

ကျိုးချန် - သေချာပေါက် ခင်ဗျား ကလေး မဟုတ်ဘူး။

ဟိုက်ခွမ်း - မင်း မလိမ်နဲ့။ မင်း နဲ့ ငါ မကွာခင်ကတည်းက မင်းမှာ ကိုယ်၀န်ရှိနေတာ။ ဒီကလေး ၂ယောက်က ငါ့ကလေး ၂ယောက် ဖြစ်ရမယ်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now