ယွင်လုံ - မင်း ခွေးကောင်
ယွင်လုံ မျက်ရည်တွေဝဲစွာဖြင့် ကျိုးချန် လက်မောင်းကို လက်သီးနဲ့ ပိတ်ထိုးပစ်သည်။
ကျိုးချန် - ဟျောင့် နာတယ်။
ယွင်လုံ - နာအောင် လုပ်တာပဲ။ မင်း ဆေးရုံပေါ်ကနေ ဘယ်ကို ထွက်သွားတာလဲ။ ငါ ချန်အိမ်တော်ထိ လိုက်ရှာတယ် မင်းကို မတွေ့ဘူး။ ပြီးတော့ ကလေး ၂ယောက်က ဘယ်သူတွေလဲ။
ကျိုးချန် - ဖြေးဖြေးမေး။ ငါအကုန်ဖြေမယ်။
ယွင်လုံ - ပြော
လွန်ခဲ့သော ၁၀နှစ်
လုံအန်း တိုက်ခန်းကို ရောက်တော့ ကျိုးချန် က သွေးအိုင်ထဲမှာ လဲနေပြီ။ ကျိုးချန် ကို ပွေ့ချီပြီး နီးစပ်ရာဆေးရုံကို သွားတဲ့ လမ်းတလျှောက် လုံအန်း ချန်ဥက္ကဋ္ဌကြီး တို့ကို အကြောင်းကြားလိုက်သည်။
ဆရာ၀န်တွေက ကျိုးချန် ကို စစ်ဆေးမှုတွေ အထပ်ထပ်အခါခါ လုပ်ပြီးမှ
- လူနာမှာ ကိုယ်၀န်ရှိနေတာ သိကြလား
- ဗျာ! ဆရာ ကျွန်တော့်မြေးက ယောကျာ်းလေးလေ ဘယ်လိုလုပ် ကိုယ်၀န် ရှိမှာလဲ။ ဆရာတို့ မှားနေတာလား။
- ကျွန်တော်တို့ အထပ်ထပ်အခါခါ စစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။ တော်သေးတာ တစ်ခုက ကလေး အသက်ကို ကယ်လိုက်နိုင်ပါတယ်။
ဆရာ၀န်ရဲ့ စကားကို ကြားပြီး ချန်ဥက္ကဋ္ဌ ထိုင်ခုံပေါ် လှဲကျသွားသည်။ လွန်ခဲ့သော ၂၃ နှစ်ကလည်း ဒီလိုမျိုး ဖြစ်ခဲ့သည်။ အဲ့တုန်းက သမီးဖြစ်သူ။ အခုက မြေးဖြစ်သူ။
- မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ!
- သခင်ကြီး စိတ်ထိန်းပါ
ကျိုးချန် ကို ၀င်တွေ့လို့ ရတော့ ကုတင်ပေါ်မှာ ဆေးပိတ်တန်းလန်း ဖြင့်လဲလျောင်းနေသော မြေးဖြစ်သူရဲ့ လက်လေးကို ဆုပ်ကိုင်ပြီး
- ချန်အာ ဘာလို့ ဖိုးဖိုးကို မပြောခဲ့ရတာလဲ။
ကျိုးချန် ရဲ့ သတင်းကို ကြားသော ယွင်လုံ လည်း ဟောင်ကောင်မှ ပေကျင်းကို အပြေးရောက်လာခဲ့သည်။
ŞİMDİ OKUDUĞUN
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
Hayran KurguStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...