🦋39🦋 [ Zawgyi ]

366 29 1
                                    

ဟိုက်ခွမ်း - မင်းတို့ လူ၃ယောက်လေးတောင် မရှာနိုင်ကြဘူးလား ဟမ်! ဘယ်နှစ်လ ရှိနေပြီလဲ။ သတင်းတောင် အစအန ရှာမတွေ့သေးတာတော့ မဟုတ်သေးဘူး တောက်စ်!!!

ဟိုက်ခွမ်း သူရှေ့က လူတွေကို ကြည့်ပြီး စိတ်ပျက်မိသည်။ ၃ လရှိပြီ ၀မ်ကျိုးချန် တို့ သားအဖကို လိုက်ရှာနေတာ။

ဘာသတင်းအစအနမှကို သူမရရှိပေ!! ချန်ကုမ္ပဏီဘက်ကို ထောက်လှမ်းတော့လည်း သူတို့ရဲ့ ငွေစာရင်းအင်းတွေက ဒီမှာရှိနေသော ကျိုးချန် ဘဏ်acc ထဲမှသာ အ၀င်နဲ့ အထွက်ပြနေသည်။

- မင်း တို့ သွားကြတော့

ကုရမ် က အခန်းထဲမှ လူများကို ထွက်သွားခိုင်းပြီး ဆိုဖာခုံမှာ ၀င်ထိုင်ကာ

- မင်း ကလေး ၂ယောက်ကြောင့် ကျိုးချန် ကို ရှာတာလား။ ကျိုးချန် ကို ချစ်လို့ ရှာတာလား။

ဟိုက်ခွမ်း - မင်း ဘာတွေ လာမေးနေတာလဲ။

- ငါမေးတာကိုတာ ဖြေပါ။

ဟိုက်ခွမ်း - ငါ ကျိုးချန် ကို ချစ်တယ်။ အမှန်တကယ်တော့ ငါ ကျိုးချန် ကို စတွေ့ကတည်းက ချစ်ခဲ့တာ။ ဒါပေမယ့်ကွာ ငါရဲ့ အိမ်ထောင်ဖက် က အမျိုးသမီး တစ်ယောက်ပဲ ဖြစ်ရမယ်ဆိုတဲ့ ပညက်ချက်ကြောင့် ငါ သူ့ကို မချစ်မိအောင် နေခဲ့တယ်။

- ဘယ်လို!!

ဟိုက်ခွမ်း - ငါတို့ အထက်တန်းပြီးတော့ ယူနန် ကိုခရီးထွက်ခဲ့ကြတာ မှတ်မိတယ်မလား။

ကုရမ်က စဥ်းစားသလို လုပ်ပြီးမှ တစ်ခုခု ကို မှတ်မိသွားသလို

- အာ မှတ်မိတယ်။ ငါတို့ ရေသဘင်ပွဲတော်နဲ့တောင် တွေ့ခဲ့သေးတယ်။

ဟိုက်ခွမ်း - အွန်း အဲ့မှာ ငါ ကျိုးချန် ကို စတွေ့ခဲ့တယ်။

ဟိုက်ခွမ်းက သူ့Wallet ရဲ့ အတွင်းအိတ်ထဲမှ ပုံလေးတစ်ပုံ ကို ထုတ်ကာ ကုရမ်ကို ပြလိုက်သည်။ 

ကုရမ် ဓာတ်ပုံ ကို ယူကြည့်လိုက်တော့ ရိုးရာ၀တ်စုံ ကို ၀တ်ထားသော ကောင်လေးတစ်ယောက် ၊ ပါးမှာလည်း ဆေးနီလေးတွေ ပေကျံကာ ရေတွေကြားထဲမှာ ပြုံးပျော်နေသော သူ ထိုကောင်လေး က တခြားသူတော့ မဟုတ် ၀မ်ကျိုးချန် သာ ဖြစ်သည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now