🦋45🦋 [ Zawgyi ]

349 38 1
                                    

ဟိုက်ခွမ်း - အားချန် အဲ့နားက ချုပ်ရိုးကြောင်း က ဘာဖြစ်ထားတာလဲ။

အ၀တ်အစားလဲနေတုန်း အနားလာကပ်ကာ ချက်အောက်ပိုင်းက အခုထိ ချုပ်ရိုးမဖြည်ရသေးသော အနာကို ကိုင်ကာ မေးလာသော သူကြောင့်

ကျိုးချန် - ဟုတ်သား!! ကျွန်တော် အဲ့ကိစ္စမလုပ်ရသေးဘူး။

ဟိုက်ခွမ်း - ဘာကိစ္စလဲ။

ကျိုးချန် - ကလေးလေး ရဲ့ ပြာအိုးကို ဗိမာန်မှာ မထားရသေးဘူး။

ဟိုက်ခွမ်း - ကလေးလေး ရဲ့ ပြာအိုး

သိချင်စိတ်အပြည့်ဖြင့် မေးလာသော ချစ်ရသူကို ကြည့်ကာ သက်ပြင်း တစ်ချက်ချပြီး

ကျိုးချန် - ကျွန်တော့် နောက်က လိုက်ခဲ့

အခန်းထဲမှ ထွက်သွားသော ကျိုးချန် နောက်ကို ဟိုက်ခွမ်း အမြန်လိုက်ရသည်။ သူ့စိတ်ထဲ စိုးရိမ်စိတ်တွေက မြင့်တတ်လျက်၊ အဲ့လိုမျိုး ကို မားမား ရဲ့ ၀မ်းဗိုက်မှာ တွေ့ဖူး၏။

အဲ့တုန်းက မားမား ရဲ့ ဗိုက်ပေါ်မှာ အနာကြီး ဆိုပြီး ဆေးရုံခန်းထဲ အော်ငိုခဲ့ဖူးသည်။ ပါးပါး က  အငယ်လေးကို မွေးတော့ ဗိုက်ခွဲမွေးရတဲ့ အကြောင်း ရှင်းပြ ပြောပြတော့မှ အငိုတိတ်ခဲ့တာကို အောက်မေ့မိ၏!

စာကြည့်ခန်းထဲ ရောက်တော့ ကျိုးချန် က စားပွဲခုံပေါ်မှာ တင်ထားသော ပိတ်အဖြူနဲ့ ထုတ်ထားသော အထုပ်လေးကို ကိုင်ကာ

ကျိုးချန် - ဒါက ကျွန်တော် နဲ့ ကိုကို ရဲ့ ဒုတိယမြောက် ရင်သွေးလေး

ဟိုက်ခွမ်း - ဘယ်....ဘယ်လို

ကျိုးချန် -  ကိုကို့ ကို ထားခဲ့ပြီး ကျွန်တော် ထွက်သွားတုန်းက ကျွန်တော့်မှာ ရင်သွေးလေး ပါလာခဲ့တယ်။ သိသိချင်း ကျွန်တော်တုန်လှုပ်သွားတာတော့ အမှန်ပဲ။ ဆရာ၀န်ကြီး က ကျွန်တော့် ကျန်းမာရေးကြောင့် ကလေးကို ဖြတ်ချခိုင်းတယ်။ ကျွန်တော် မလုပ်ရက်ဘူး။ ကိုကို ကျွန်တော့် အနားမှာ မရှိပေမယ့် ကိုကို နဲ့ ပတ်သက်တဲ့ အရာလေးတွေကိုတော့ ကျွန်တော့် အနားမှာ ထားချင်တယ်။

ကျိုးချန် - ဒါပေမယ့် ကျွန်တော် ကလေး ကို လုံး၀မစောင့်ရှောက်နိုင်ခဲ့ဘူး။ ကျွန်တော် သတိမထားမိဘူး။ ကလေးလေး ၈ လကျော် ၉ လထဲ ရောက်တော့ ရေချိုးခန်းထဲမှာ ကျွန်တော် ချော်လဲသွားတယ်။ ကလေးလေး အသက်ကို မကယ်နိုင်ခဲ့ဘူး။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now