🦋5🦋 [ Zawgyi ]

364 40 1
                                    

ဒီနေ့ China ရဲ့ ဒုတိယအကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်သော ချန်ကုမ္ပဏီရဲ့ ကုန်စည်ပြပွဲ။

ထိုအခမ်းအနားမှာ ချန်Ent မှ မွေးထုတ်ပေးထားသော အနုပညာများက Cheng Com မှ ထုတ်သော အစားအသောက်၊ အလှကုန်၊ အ၀တ်စား၊ အစရှိတာကို ကြော်ငြာပေးကြသည်။

ပြပွဲကြီးကို Cheng Gp မှ ပိုင်သော 5 Star အဆင့်ရှိ ချန်ဟိုတယ်မှာ ကျင်းပသည်။

သတင်းမီဒီယာက ၃ ၄ ခုတာ ဖိတ်ထားသည်။ ကြွရောက်လာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စားသုံးသူ ၀ယ်ယူတွေနဲ့တင် ဟိုတယ် ၀န်းကြီးက ပြည့်နေပြီ။

- အား ကျောက်မိန်!! ချောလိုက်တာ

- ကျစ်ဖန်း!

ကတ္တီပါ ကော်ဇောနီ ခင်းထားသော လျှောက်လှမ်း ထက် ကြယ်ပွင့်တွေ တစ်ပွင့်ပြီး တစ်ပွင့် လျှောက်လှမ်းလာတိုင်း ပရိသတ်တွေရဲ့ အော်သံက ဆူညံသွားသည်။

ဟိုက်ခွမ်း အလှည့်ကျတော့ ဟိုတယ်ကြီးတောင် ပြိုကျလောက်သည်။ ဟိုက်ခွမ်း က ပြည်သူ့ အချစ်တော် မင်းသား တစ်လက်ဖြစ်သည်။

ထိုမင်းသားရဲ့ မကောင်းကွက်ကို လိုက်ရှာနေသော Anti Fan တွေလည်း ရှိကြသည်။ သို့သော်လည်း ထိုမင်းသား၏ Dark Side ကို ဘယ်သူမှ မဖော်ထုတ်နိုင်ကြချေ...

မည်းနက်ပြောင်လက်နေသော ကား၅ စီး ဟိုတယ် ၀န်းထဲ ၀င်လာတာနဲ့ သက်တော်စောင့်တွေ ဟာ အချင်းချင်း အသိပေးကာ လမ်းကြောင်း ကို ရှင်းထားကြသည်။

မကြာပါ ဟိုတယ်၀င်ပေါက်ရှေ့မှာ ထိုးရပ်လာသော ကား၅ စီး

အရှေ့ အနောက် ၂စီး စီမှ ဆင်းလာသော သက်တော်စောင့်တွေဟာ အလယ်က ကားအနားမှား ၀ိုင်းလိုက်ကြသည်။

ကားရဲ့ နောက်ခန်းကို ဒါရိုင်ဘာမှ ဖွင့်ပေးလိုက်တော့ ကားထဲမှ ထွက်လာမဲ့ ချန်ပဲ့ကိုင်ရှင် နဲ့ ချန်CEO ကို အကုန်လုံးက စိတ်၀င်တစား စောင့်နေကြသည်

နီညိုရောင် Shoe ကို ၀တ်ဆင်ထားသော ခြေထောက်တစ်ဖက်က အရင်ဆုံး ထွက်လာပြီး မကျန်သော အချိန်မှာ လူတစ်ကိုယ်လုံး ထွက်လာသည်။

အပေါ်အောက် နီညီုရောင် Suit ၀တ်ဆင်ထားပြီး မျက်နှာအပြည့်တပ်ထားသော ရွှေအိုရောင်မျက်နှာဖုံးပိုင်ရှင်ဟာ သူတို့ စောင့်မျှော်နေသော ချန်CEO သာ ဖြစ်သည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteDonde viven las historias. Descúbrelo ahora