🦋6🦋 [ Zawgyi ]

304 38 1
                                    

ဂျောက်!

ဟိုက်ခွမ်း - အဟမ်း အား!

တံခါးဖွင့်သံကြားတာမို့ ကျိုးချန် တစ်ချက်ပြုံးလိုက်သည်။ အဟွန်း နောက်ဆုံးတော့ ကိုကို ရောက်လာပြီပဲ။

bathrobe ကြိုးကို ခပ်ဖျော့ဖျော့ စည်းလိုက်ပြီး အကွယ်နေရာမှ ထွက်လာခဲ့သည်။ ဟိုက်ခွမ်းကို တွေ့တော့

ကျိုးချန် - ဟင် ကို...ကိုကို ဘာဖြစ်လာတာလဲ။

နံရံကို မှီရပ်နေသော ဟိုက်ခွမ်း အနားသွားကာ ပကတိဖြူစင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

ဟိုက်ခွမ်း - ၀မ်ကျိုးချန်! မင်း ငါ့အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ။

ကျိုးချန် - အမ် ဒါ ကျွန်တော့် အခန်းပါ။ ကျွန်တော် ဒီဟိုတယ်မှာ နေတာ ၂ရက်ရှိပြီ။ ကိုကို့ အခန်း ကျွန်တော် ပြန်ပို့ပေးမယ်လေ။ လာ လာ

ကျိုးချန် ဟိုက်ခွမ်း လက်ကို ဆွဲကိုင်ပြီး ပြောလိုက်သည်။ ဟိုက်ခွမ်း မျက်လုံးထဲ လူတစ်ယောက်ကို ၂ယောက် ၃ယောက်လောက်မြင်နေသည်။

ဟိုက်ခွမ်း - အား! ပူလိုက်တာ။ အား!

ဟိုက်ခွမ်း မှာ ၀တ်ထားသော အ၀တ်အစားတွေကို ဆွဲချွတ်နေသည်။

ကျိုးချန် - ကိုကို ဘာလုပ်တာလဲ။ ဘာလို့ အ၀တ်အစားတွေ ချွတ်နေတာလဲ။

ဟိုက်ခွမ်း - ဟမ်း ပူတယ် အင်းဟင်း!

ပူတယ်ပြောပြီး ဆိုဖာခုံပေါ် ထိုင်ချကာ ခန္ဓာကိုယ် တစ်ခုလုံးကို ပွတ်သပ်နေသော ချစ်ရသူကြီးကို ကြည့်ကာ ကျိုးချန် အပြုံးတွေ ဖုံးဖိလို့ မရပေ။

ဟိုက်ခွမ်း သူရှေ့မှာ ရပ်နေသော လူကို ခြေဆုံးခေါင်းဆုံး ကြည့်နေမိသည်။

Bathrobe ကိုမှ လျော့တိလျော့ရဲ ၀တ်ထားတာကြောင့် ရင်ဘက်ဖြူဖြူ ဖွေးဖွေးလေးက သူ့ကို မြူဆွယ်နေသယောင်

ကျိုးချန် - ကိုကို ဆေးမိလာတာလား

မျက်နှာနားထိ ငုံ့ချကာ ဆိုလာတာကြောင့် မြင်နေရတဲ့ နှုတ်ခမ်းရဲရဲက လာပါ လာပါ ခေါ်နေသလို.....

ကျိုးချန် ရဲ့ လည်းပင်းလေးကို ဆွဲချပြီး အရောင်နီသွေးလွှမ်းနေသော လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းလေးကို အဆက်မပြတ် နမ်းရှိုက်လိုက်သည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ