🦋18🦋 [ Unicode ]

179 12 3
                                    

ဟိုက်ခွမ်း အိပ်ယာမှနိုးလာတော့ သူ့ဘေးနားမှာ အိပ်နေသော ကျိုးချန် ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ပြီးတော့ ဖြစ်ခဲ့သမျှ အရာရာကို ပြန်တွေးကြည့်တော့

ဟိုက်ခွမ်း - တောက်စ်!!!!

အိပ်ယာမှ ဝုန်းခနဲ ထပြီး ရေချိုးခန်းထဲ ၀င်လာခဲ့သည်။ ရေချိုးခန်း တံခါးကိုလည်း ဆောင့်ပိတ်လိုက်သည်။

ဂျိန်း****

ရေချိုးခန်းတံခါး ပိတ်သံကြောင့် ကျိုးချန် မျက်လုံးတွေ ဖွင့်လာသည်။

သူလည်း အိပ်ယာမှ ထကာ တစ်ဖက်အခန်းဘက်ထွက်လာပြီး အဲ့ အခန်းထဲမှာတင် သွားတိုက် မျက်နှာသစ် လုပ်ပြီး မနက်စာ ထပြင်လေသည်။

ဟိုက်ခွမ်း ရေချိုး အ၀တ်အစား လဲပြီး အောက်ထပ်ဆင်းလာတော့

ကျိုးချန် - ကိုကို မနက်စာ စားရအောင်

စားပွဲခုံပေါ်က ထမင်းဟင်းတွေကို ကြည့်ပြီး

ဟိုက်ခွမ်း - မစားဘူး။ မင်း ငါ့ကို ဆေးခတ်ထားအုံးမှာ

ကျိုးချန် - ကျွန်.....ကျွန်တော် မှာ အဲ့ဆေး မရှိတော့ပါဘူး။

ဟိုက်ခွမ်း - ရှိသေးရင် ခတ်မယ်ပေါ့။ အဟက် အောက်တန်းကျလိုက်တာ

ကျိုးချန် - ကိုကို!! ကျွန်တော် ကိုကို့ ကိုချစ်လွန်းလို့ မြတ်နိုးလွန်းလို့ မလုပ်သင့်တာကို လုပ်မိတာပါ။ အဲ့တာကို အောက်တန်းကျတယ်လို့ မပြောပါနဲ့။

ဟိုက်ခွမ်း - အဟက် အောက်တန်းကျတယ်လို့ မပြောလို့ ငါက မြင့်မြတ်တယ်လို့ ပြောရမှာလား။  ပေကျင်းပြန်ရောက်တာနဲ့ ငါကို ကွာရှင်းပေး။ ဒါ ငါ့မွေးနေ့အတွက် ငါလိုချင်သော လက်ဆောင်ပဲ။

ကျိုးချန်  - အင့်ဟင်း မကွာရှင်းပေးနိုင်ဘူး။ ကိုကို ကျွန်တော် မကွာရှင်းပေးနိုင်ဘူး။

ဟိုက်ခွမ်း လက်ကို ဆုပ်ကိုင်ကာ ပြောတော့ ဟိုက်ခွမ်း က ကျိုးချန် လက်ကို ခါထုတ်ပြီး

ဟိုက်ခွမ်း - မင်း မပင်ပန်းဘူးလား။ ဟမ် မင်း မှာ အရှက်၊ သိက္ခာ၊ မာန မရှိဘူးလား။ ငါ့ ဘ၀ကို မိန်းမတစ်ယောက်နဲ့ ပဲ ဖြတ်သန်းချင်တယ်။ အဲ့ မိန်းမနဲ့ပဲ သာယာတဲ့ မိသားစု ဘ၀ ထူထောင်ချင်တယ်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteDonde viven las historias. Descúbrelo ahora