🦋49🦋 [ Zawgyi ]

414 38 1
                                    

အလုပ်ကိစ္စကြောင့် ၀ရံတာမှာ ဖုန်းပြောနေတုန်း မြင်ကွင်းထဲ ၀င်လာသော လူနှစ်ယောက်ကြောင့် ဟိုက်ခွမ်း မျက်မှောင်ကြုတ်လိုက်မိသည်

လုံအန်း က မိန်းမ ရှိလျက်နဲ့ ဘာလို့ ချီစန်း ကို နမ်းနေရတာလဲ။ သူကြည့်နေတုန်းမှာ ချီစန်း က လုံအန်း ကို ဆွဲထိုးကာ ထိုနေရာမှ ငိုကာ ပြေးထွက်သွားသည်။ လုံအန်း ကလည်း ဒေါသထွက်စွာ ကျောက်ခဲကို ကန်လိုက်ပြီး ချီစန်း နဲ့ ဆန့်ကျင်ဘက် အရပ် ကို ထွက်သွားလေသည်။

ဟိုက်ခွမ်း - ဘာတွေလဲ!

ကျိုးချန် - ဘာကိုလဲ

နွားနို့ခွက်လေး နဲ့ အနားလာရပ်သော ချစ်ရသူကို ဆွဲဖက်လိုက်ပြီး

ဟိုက်ခွမ်း - ကလေးလေး လုံအန်း က မိန်းမရှိတာကို ချီစန်းနဲ့ ဘာလိုလို ညာလိုလို နဲ့

ကျိုးချန် - ဟမ် လုံအန်း က မိန်းမ ရှိတယ် ဟုတ်လား

သူ့ကို မျက်လုံးလေးပြူးကာ ပြန်မေးလာသော ချစ်ရသူကြောင့် ​

ဟိုက်ခွမ်း - ဟုတ်တယ်လေ။ ကလေးလေး ကို လိုက်ရှာတဲ့ လတွေ တုန်းက သူနဲ့ တွေ့တယ်။ သူ့မိန်းမ ကလေးပျက်ကျလို့ ဆေးရုံတင်ထားရတယ်လို့တောင် ပြောသွားသေး

ခေါင်းကို အလျင်အမြန် အလုပ်ပေးပြီး သေချာ ပြန်စဥ်းစားကြည့်တော့

ကျိုးချန် - လုံအန်းက တစ်ချိန်လုံး ကျွန်တော်နဲ့ အတူတူရှိနေခဲ့တာ။ ဘယ်က မိန်းမရှိရမှာလဲ။ သူက လူပျို! မဟုတ်သေးဘူး ချီစန်း နဲ့ တွဲနေတာ ကြာပြီဆိုတော့ လူပျို ဟုတ်ချင်မှ ဟုတ်တော့မှာ

ဟိုက်ခွမ်း - ဘယ်လို ချီစန်း နဲ့ သူက အတွဲလား

ကျိုးချန် - အင်း သူတို့ တွဲနေကြတာ ၃နှစ် ရှိပြီ။

ဟိုက်ခွမ်း - ဒါဆို သူတို့ကြားထဲ ပြဿနာ တစ်ခုခု ရှိနေပြီ ထင်တယ်။ ခနက ချီစန်း က ငိုပြီး ပြေးထွက်သွားတယ်။ လုံအန်း ကလည်း ဒေါသထွက်နေတယ်။

ကျိုးချန် - သူတို့ အခုတလော ပြဿနာ ခနခန တတ်နေကြတာ။ လုံအန်း က ချီစန်း နဲ့ လက်ထပ်ချင်နေပြီ။ ချီစန်း က သူက မိဘမဲ့ ဆိုတော့ လုံဦးဦး က သဘောမကျဘူး။ လုံဦးဦး က ချီစန်း ကို သားတစ်ယောက်လို ချစ်နိုင်ပေမယ့် သူ့သားရဲ့ အိမ်ထောင်ဖက်အဖြစ်တော့ သဘောမတူဘူးတဲ့။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now