🦋35🦋 [ Zawgyi ]

413 37 4
                                    

ဟိုက်ခွမ်း - အားချန် ဒီနေ့ Ent မှာပါတီ ရှိတယ်။ ကိုယ် နဲ့ အတူတူ တတ်ပေးနိုင်မလား

သူပြောတဲ့ အတိုင်း တကယ်ကြီး ကြိုးစားခဲ့ပါသည်။ အရင်က ဒေါသကြီးသော သူမှာ အခုတော့ လေသံလေးက အစ ပျော့ပြောင်းပြီး ကျိုးချန် ကိုလည်း အရင်လို အမည်အပြည့်အစုံ မခေါ်ပဲ ကလေး! အားချန် နဲ့ အစုံ ကို ခေါ်တော့တာပဲ

အခုလည်း သူနဲ့ ပွဲတတ်ဖို့ ထိုင်နေသော သူ့အနား လာပြီး ပွတ်သီးပွတ်သပ် နဲ့

ကျိုးချန် - ကျွန်တော်က ဘာကိစ္စ တတ်ပေးရမှာလဲ။

ဟိုက်ခွမ်း - မင်းက ကိုယ့်ယောကျာ်းလေ

ကျိုးချန် - ယောကျာ်း လို့ ပြောရအောင် ဘယ်မှာလဲ လက်ထပ်မှတ်ပုံတင်

ထိုသို့ မေးလိုက်တော့ မျက်နှာပျက်သွားလေရဲ့

ဟိုက်ခွမ်း - အင်းပါ မင်း မလိုက်ချင်လည်း ရပါတယ်။ ကိုယ် ပဲ ပွဲတတ်လိုက်မယ်။

ထိုင်နေရာ မှ ထကာ အခန်းထဲမှ ဟိုက်ခွမ်း ထွက်သွားတော့ ကျိုးချန် လည်း Laptop ဖွင့်ကာ အလုပ် ထိုင်လုပ်နေလိုက်သည်။

အောက်ထပ်ကို ရောက်တော့ သားနဲ့ သမီး ထိုင်နေတဲ့ နား ၀င်ထိုင်လိုက်ပြီး အတွေးတွေ လွန့်လူး နေသော သမီး ဖြစ်သူက နဖူးလေးကို သူ့လက်လေး နဲ့ စမ်းကာ

ချန်အာ - Daddy နေမကောင်းဘူးလား။

ဟိုက်ခွမ်း - ကောင်းပါတယ်။ သမီး တို့ ဘာလုပ်နေကြတာလဲ။

ချန်အာ - ပုံဆွဲနေတာ။

သားနဲ့ သမီး ဆွဲနေတဲ့ ပုံ ကို ကြည့်လိုက်တော့ မိသားစု ပုံလေး တစ်ပုံ။ သမီး က ၄ယောက် ဖြစ်ပြီး သားက ၃ယောက် ! သိချင်စိတ်ကြောင့်

ဟိုက်ခွမ်း - သား ၁ယောက် လျော့နေသလိုပဲ

ခွမ်းအာ - ဟုတ်တယ် Daddy

ဟိုက်ခွမ်း - အဲ့တစ်ယောက် က ဘယ်သူလဲ။

ခွမ်းအာ - Daddy

မတုန့်မဆိုင်း ဖြေလာသော သား အဖြေကြောင့်

ဟိုက်ခွမ်း - သား က Daddy ကို လက်မခံနိုင်သေးတာလားဟင်။ Daddy မှာ ဘာပြစ်ချက်များ ရှိနေလို့လဲ။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now