- ဒါက သားအိမ်အားဆေး။ မနက် ၁လုံး ည၁လုံး ၂ကြိမ်သောက်ပေးပါ။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပေးပါ။ လေ့ကျင့်ခန်း များများလုပ်ပေးပါ။
ကျိုးချန် - အွန်း ဒီအကြောင်း ဖိုး ကို မပြောပါနဲ့။
- ဟုတ်ကဲ့ ကျွန်တော် မပြောပါဘူး။ အခု သခင်လေး ပေကျင်းကို ပြန်မှာလား။
ကျိုးချန် - အင်း ပြန်မှာ။
- ပေကျင်းမှာ ကျွန်တော့် တပည့်ရှိတယ်။ သူက သားဖွားမီးယပ်အထူးကုပါရဂူ။ သူနဲ့ ဆက်ပြဖို့ ကျွန်တော်ချိတ်ပေးပါမယ်။
ကျိုးချန် - ကျေးဇူးအများကြီးတင်ပါတယ်။
- သခင်လေး ကျန်းမာရေး သေချာဂရုစိုက်ပါ။
ကျိုးချန် ဘာမှ မပြောတော့ပဲ ဆေးရုံခန်းထဲမှ ထွက်လာလိုက်သည်။
သူဝမ်အိမ်တော်ကို မပြန်တော့ပဲ ချုံချင်းကိုသာ တိုက်ရိုက်သွားခဲ့သည်။ ၀မ်ကျန်းရှောက် ပျောက်နေတယ်ဆိုတာတောင် သိကြမည် မဟုတ်
တစ်ခါတစ်လေ ကျွန်တော်လည်း အရာအားလုံး ကို လျစ်လျူရှု ချင်ပါသည်။
ချုံချင်း ရောက်ရောက်ချင်း သူသွားတဲ့နေရာက သက်တော်စောင့်တွေ ရှိတဲ့ နေရာ
ဖြောင်း!!
ကျိုးချန် ရဲ့ ကန်ချက်က လုံအန်း ရဲ့ ရင်ဘက်တည့်တည့်သို့! ကန်အား အရမ်းပြင်းလွန်းလို့ ထင် လုံအန်း ကြမ်းပြင်ပေါ်သို့ ပစ်လှဲသွားသည်။
ကျိုးချန် - မင်း တို့ လူတစ်ယောက်လုံးကို သေချာ မကြည့်နိုင်ကြဘူးလား ဟမ်
- တောင်းပန်ပါတယ် သခင်လေး
ကျိုးချန် - ဒါ ပထမဆုံးအကြိမ် နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ နောက်တစ်ခါ ဆို ငါ မင်းတို့ကို အသေသတ်ပစ်မှာ
ကျိုးချန် ရဲ့ ကြိမ်းမောင်းသံဟာ ဟိန်းခနဲ ထွက်ပေါ်လာသည်။ သက်တော်စောင့်တွေ အကုန်လုံးလည်း ခေါင်းမဖော်နိုင်အောင် ဖြစ်နေကြသည်။
သူတို့ အပြစ်လည်း မကင်းပါပေ။ သခင်လေးက သူ့ချစ်သူကို အရမ်းချစ်တာ သူတို့ သိနေရဲ့သားနဲ့ ပေါ့လျော့သွားခြင်း

YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...