🦋47🦋 [ Unicode ]

129 7 0
                                    

ရုပ်ရှင်ပြဖို့ ဘယ်လောက်မှ မလိုတော့တာကြောင့် ရုံထဲမှာ စားဖို့ အအေးနဲ့ ပေါက်ပေါက်ဆုပ် ၀ယ်ပြီး ရုံထဲ ၀င်လာလိုက်သည်

သူတို့က သာမာန်စုံတွဲ အဖြစ် ရုပ်ရှင်လာကြည့်ကြတာမို့ ဟိုက်ခွမ်း နဲ့ Fan တွေမှာ ဓာတ်ပုံ ရိုက်ချင်ပေမယ့် မရိုက်ရဲပေ။ သူတို့ကြောင့် ချန်CEO လေး စိတ်ကွက်မှာကို မလိုလားပေ!

ရုပ်ရှင်စပြပြီပေါ့ အကုန်လုံးငြိမ်သက်သွားကြသည်။ ပိတ်ကားထက်ဝယ် ထိုးလာသော စာတန်းတွေကို ဖက်ကြည့်ပြီး သူတို့အချင်းချင်း တီးတိုးတီးတိုးနဲ့ ဘာကားဖြစ်မလဲ ဆိုပြီး ဆွေးနွေးနေကြသည်။

ပိတ်ကားထက်ဝယ် ထိုးလာသော စာတန်းများက

💻ဇာတ်လမ်းပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် များကို အခြေခံပြီး ရိုက်ထားပါသည်။ အမည်အရင်းတွေကိုလည်း သုံးထားပါသေးသည်။ တစ်ဖက် အမည်က ခွင့်ပြုချက် မရထားပေမယ့် အခုလို သုံးထားတဲ့ အတွက် တစ်ဖက်လူကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 💻

ကျိုးချန် - ကိုကို ဘာကား လဲဟင်

ဟိုက်ခွမ်း - ကိုယ်လည်း မသိဘူး။

ကျိုးချန် - မပြောချင်မပြောနဲ့ပေါ့

ဟိုက်ခွမ်း - ကလေးလေး ပဲ Privacy ကို မမေးဘူးဆို

ကျိုးချန် - ဟုတ်သားပဲ ဟီး!

ဟိုက်ခွမ်း - ဇာတ်လမ်းစတော့မယ်။

ပိတ်ကားထက်ဝယ် ပေါ်လာသော ဇာတ်ကွက်တွေကို အားလုံးက အာရုံစူးစိုက်ကာ ကြည့်နေကြသည်။

(A/N ဒီနေရာမှ စကာ 💻ဒီ သင်္ကေတ ဖြင့် ဇာတ်ကား အကြောင်းကို ရေးသွားပါမည်။)

💻မင်းသားတို့ အုပ်စု နွေရာသီကျောင်းပိတ်ရက် မို့ ယူနန် ကို ခရီးထွက်ခဲ့ကြသည်။ ကျန်တဲ့သူတွေကသာ ရေကစားကြပေမယ့် မင်းသားက တော့ ရေမကစားပဲ ကင်မရာတစ်လုံး နဲ့ ဓာတ်ပုံ လိုက်ရိုက်နေခဲ့သည်။

သူဓာတ်ပုံ ရိုက်နေတုန်း သူ့ကင်မရာထဲ ၀င်လာသော ကောင်လေး တစ်ယောက်၊ ရေတွေကြားထဲမှာ ပြုံးပျော်နေသော ကောင်လေးတစ်ယောက် က  ရိုးရာဝတ်စုံလေးကို ၀တ်ဆင်ထားပြီး မျက်နှာမှာလည်း ဆေးနီတွေ ပေကျံလို့ ၊

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now