🦋26🦋 [ Zawgyi ]

399 41 6
                                    

- ဟယ် CEO ရဲ့ ကလေးလား။

- ချစ်စရာလေး။ ချန်CEO နဲ့ ပြန်အဆင်ပြေသွားကြပြီထင်တယ်။

- သားလေး ရှိသေးတယ်မလား။

- သားလေးကိုလည်း မြင်ဖူးချင်တယ်။

ဟိုက်ခွမ်း လက်ကို ဆွဲကာ ခုန်ဆွ ခုန်ဆွ ဖြစ်နေသော ချန်အာ ကို ကြည့်ပြီး Ent က လူတွေ အကုန် သဘောခွေ့နေကြသည်။

- ခွေးကောင် ပေါ်လာသေးတယ်နော်။

ဟိုက်ခွမ်း - စကားပြော ဆင်ခြင်စမ်း! ငါ့ သမီး ပါတယ်။

အဲ့တော့မှ ကုရမ် က ချန်အာလေးကို မြင်တော့သည်။

- မင်္ဂလာပါ သမီး

ချန်အာ - မင်္ဂလာပါ ဦးဦး

ဟိုက်ခွမ်း လက်ကို ဖြုတ်ချပြီး လက်လေးနှစ်ဖက် ရှေ့ယှက်ကာ ခါးညွတ်ပြီး ကုရမ်ကို နှုတ်ဆက်တော့ ကုရမ် မှာ သဘောကျနေသည်။

- မင်း သမီးက လူလိမ္မာလေးပဲ။ ကျိုးချန် က ကလေးတွေကို အသင်အပြ ကောင်းလိုက်တာ။

ဟိုက်ခွမ်း - အင်း ငါတို့ စာရင်းတွေ လုပ်ရအောင်။

- မင်း သမီး ကို ဘယ်လို လုပ်မလဲ 

ဟိုက်ခွမ်း - အေး ဟုတ်သား။ သမီး Ent ထဲ သွားကြည့်ချင်လား။

ချန်အာ - ဟုတ်

ဟိုက်ခွမ်း အတွင်းရေးမှူးကို လှမ်းခေါ်ကာ ချန်အာ ကို Ent အနှံ့ လိုက်ပြခိုင်းလိုက်သည်။

ဟိုက်ခွမ်း နဲ့ ကုရမ် ကတော့ စာရင်းဇယားတွေ ပြုစုပြီး လိုတာတွေ မလိုတာတွေ ဘယ်အဖွဲ့ကို ဘယ်လို လုပ်ရမလဲ အစရှိတာတွေကို တိုင်ပင် ကြလေသည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
- အဟွတ် အဟွတ်!!

ကျိုးချန် - ဖိုး ဖြေးဖြေး

ချောင်းတွေ တဟွတ်ဟွတ်ဆိုးလာတာကြောင့် ချန်ဖိုးဖိုးမှာ အိပ်ယာကနေ ကုန်းထလေသည်။ ကျိုးချန် ဆန်ပြုတ်ပန်းကန်လေးကို စားပွဲခုံပေါ် ချပြီး အဖိုးဖြစ်သူကို အမြန်တွဲထူလိုက်သည်။

- မြေး ချန်အာ

ကျိုးချန် - ဖိုး နေရထိုင်ရ သက်သာရဲ့လား။

- ဖိုး သက်သာပါတယ်။ ငါမြေးလေး

ချန်ဖိုးဖိုး ဟာ ကျိုးချန် ပါးလေး ကို ကိုင်ပြီး

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteOnde histórias criam vida. Descubra agora