🦋20🦋 [ Unicode ]

174 10 2
                                    

- ပါးပါး သွားလို့ ရဘူးလားဟင်။

ကျိုးချန် - ချန်အာ ပါးပါး အလုပ်ကိစ္စရှိလို့ တစ်ရက်ပဲ သွားမှာလေ။

- ချန်အာ တို့ကိုလည်းခေါ်ပါ။

ဟိုက်ခွမ်း - ချန်အာ!! မဆိုးနဲ့

- အီးဟီး ပါးပါး က ချန်အာ ကို မချစ်ဘူး။ အော်တယ်! အီးဟီး

ဟောင်ကောင် သွားမဲ့ အကြောင်း ဖိုးဖိုး ကို ပြောတော့ သမီးဖြစ်သူက သူတို့ပါ လိုက်ချင်ကြောင်း ပြောလာခဲ့သည်။

ကိုယ်သွားမှာ က အလည်အပတ်မဟုတ်၊ အလုပ်ကိစ္စနဲ့ သွားမှာ သူတို့ကို အချိန်ပေးနိုင်မှာ မဟုတ်!

ဒါကြောင့် ဂျီကျနေသော သမီးဖြစ်သူကို အော်လိုက်တော့ အာပြဲကြီးနဲ့ အော်ငိုတော့သည်။

- ချန်အာ ခေါ်သွားလိုက်ပါ။ ဖိုး အထိန်းတော်တွေ ထည့်ပေးလိုက်မယ်။ ချန်အိမ်တော်မှာ သွားနေကြ ဟုတ်ပြီလား

ကျိုးချန် - ဟုတ်ကဲ့ဖိုး

- ကလေး ၂ယောက်ကို သွားပြင်ဆင်ပေးလိုက်တော့။ ချန်အာ က ဖိုး နဲ့ စကားပြောရအောင်

သား နဲ့ သမီး ကို အထိန်းတော်တွေက ခေါ်ထုတ်သွားတော့ ကျိုးချန် လည်း အဖိုးရဲ့ ဝှီးချဲ ကို တွန်းကာ ခြံထဲ ဆင်းလာလိုက်သည်။

- ချန်အာ ဘယ်တော့ ကုမ္ပဏီ ကို လွှဲယူမလဲ။

ကျိုးချန် - နောက်အပတ်ထဲ။ ဖိုး ချန်အာ သရုပ်မှန် ကို ဖွင့်ချပြတော့မယ်။ မျက်နှာဖုံး မတပ်တော့ဘူး။

- ချန်အာ သဘော။ ဒါနဲ့ မြေးလေးတို့ အဖေ လျှိုဟိုက်ခွမ်း

ကျိုးချန် - သားနဲ့ သမီး မှာ အဖေ တစ်ယောက်ပဲ ရှိတယ် ဖိုး။ ကျွန်တော် က အဖေ ဖြစ်သလို အမေ လည်း ဖြစ်တယ်။

- သား သူ့ကို မုန်းနေတာ ဖိုး သိပါတယ်။ နောက်လထဲ သူတို့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ရှိတယ်။ ချန်အာ အားရင် သွားလိုက်ပါ။

ကျိုးချန် - ..............

ချန်ဖိုးဖိုး မြေးဖြစ်သူရဲ့ တင်းမာနေသော မျက်နှာကြောင့် သက်ပြင်းချလိုက်သည်။ တစ်နေ့တော့ ဒီမိသားစုလေး လူစုံတတ်စုံ ဖြစ်သွားမှာပါ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
- ပါးပါး မူးတယ် အဟင့်

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteDonde viven las historias. Descúbrelo ahora