🦋4🦋 [ Zawgyi ]

336 40 3
                                    

ကျိုးချန် နိုးလာချိန် တိုက်ခန်းတစ်ခုလုံးက တိတ်ဆိတ်နေသည်။

ကျိုးချန် - အ့! နာတာ!

အိပ်ရာပေါ်မှ ထကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ သွေးကွက်ကြောင့် ကျိုးချန် လန့်သွားသည်။ သူ တို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖူးခဲ့ပေမယ့် အခုလို သွေးကွက်ကြီး မမြင်ဖူးဘူး။

အိပ်ယာထက်မှ အားတင်းထပြီး ရေချိုးခန်းထဲ ပြေး၀င်ကာ သန့်ရှင်းရေးလုပ်ကြည့်ပေမယ့် သွေးက မတိတ်သွားပေ။

ကျိုးချန် - ဘာဖြစ်တာလဲ။

တစတစထက် စိုးရိမ်စိတ်တွေက တိုးလာတာကြောင့် ၀မ်အိမ်တော်ရဲ့ ပင်တိုင်ဆရာ၀န်ဆီ ဖုန်းခေါ်လိုက်ပြီး အကျိုးအကြောင်းပြောတော့

📞သခင်လေး ဆေးရုံကို လာလိုက်ပါလား။ ကျွန်တော်တို့ စစ်ဆေးသင့်တာကို စစ်ဆေးရအောင်လို့။📞

📞ကျွန်တော်လာချင်ပေမယ့် အခု ကျွန်တော် အပြင် ဘယ်လိုထွက်ရမှန်း ကို မသိဘူး။ 📞

📞ဒါဆို သခင်လေး ရှိရာကို ပြောပါ ကျွန်တော့် ကားဒရိုင်ဘာ ကို လွှတ်လိုက်မယ်။ 📞

📞ကောင်းပြီ ကျွန်တော်စောင့်နမယ်။ ကျွန်တော့် အတွက် ကုတ်အင်္ကျီအရှည်တစ်ထည်ပါ ယူလာပေးပါ📞

📞ကောင်းပါပြီ သခင်လေး📞

ကျိုးချန် ရေမိုးချိုး အ၀တ်အစားလဲပြီး တိုက်အောက်ကို ဆင်းလာလိုက်သည်။

၁၀မိနစ်လောက်နေတော့ ဆရာ၀န်ကြီး လွှတ်လိုက်သော ကားဟာ ရောက်လာခဲ့သည်။

- သခင်လေး မတွေ့တာကြာပြီ

ကျိုးချန် - အင်း နေကောင်းတယ်မလား ဦးလေးလီ

- ကောင်းပါတယ်ဗျာ။ ဆရာကြီးက ရေနွေးဗူးလေး ပေးခိုင်းလိုက်တယ်။ သောက်လိုက်ပါအုံး။

ဦးလေးလီ ပေးသော ရေနွေးဗူးလေးကို ယူကာ တစ်ငုံ သောက်လိုက်သည်။ ဦးလေးလီ က သူယူလာသော ကုတ်အင်္ကျီကို ဖြန့်ကာ ကျိုးချန် ကိုယ်ပေါ်လွှမ်းခြုံပေးပြီး ကားနောက်ခန်းထဲ ဂရုတစိုက် ထိုင်စေသည်။

ထိုမြင်ကွင်းကို မြင်သွားသော ဟိုက်ခွမ်း ကတော့ မဲ့ပြုံးပြုံးလို့။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteDonde viven las historias. Descúbrelo ahora