🦋8🦋 [ Zawgyi ]

307 35 0
                                    

ဟိုက်ခွမ်း Shopping Mall တစ်ခု မှာ မန်နေဂျာ နဲ့ အတူ လိုအပ်တာတွေ လာ၀ယ်နေတုန်း တစ်ဖက်ဆိုင်ထဲ ၀င်သွားသော ကောင်လေး နှစ်ယောက်ကို တွေ့လိုက်ရသည်။

ဟိုက်ခွမ်း - ကျိုးချန် လား

- ဟမ် ဘာလဲ ဟိုက်ခွမ်း

ဟိုက်ခွမ်း - ဘာမှ မဟုတ်ဘူး။ ကော ဒီမှာ နေခဲ့အုံးနော်။

မန်နေဂျာကို ထားခဲ့ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး ဂျူ၀ယ်လ်ရောင်းတဲ့ ဆိုင်ဘက်ကို ထွက်လာလိုက်သည်။

ကျိုးချန် - အဲ့တာကြောင့်မို့ ချစ်တာ

- တော်ပါ လိုချင်တာ ရတော့ ရုပ်တော့ တစ်မျိုး။

ကျိုးချန် - ဟီး မင်းကလည်း ကွာ။ မင်း ကတိပေးထားတာလေ

- အေး ကတိပေးထားလို့လဲ။ အခုလို ၀ယ်ပေးတာပေါ့

ကျိုးချန် - ဟီး

မုယွင်လုံ ခါးကို ဖက်တာ ပျော်မြူးနေသော ကျိုးချန် ကို  ဟိုက်ခွမ်း စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

* ၀မ်ကျိုးချန် မင်း က ဘာလဲကွာ*

ဟိုက်ခွမ်း လက်စွပ်တစ်ကွင်း ၀ယ်လိုက်ပြီး ဆိုင်ထဲမှ ထွက်လာလိုက်သည်။

စီးပွားရေးတက္ကသိုလ် မှာ ရှိသော သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ၀မ်ကျိုးချန် အကြောင်း မေးကြည့်တော့

📞ငါ သိတာတော့ ၀မ်ကျိုးချန် က မုယွင်လုံနဲ့ ဘာလိုလို ညာလိုလို ဆိုပြီး သတင်းတွေ ထွက်နေတယ်။  ပြီးတော့ ကျိုးချန် ကိုယွင်လုံ တို့ အိမ်က ထောက်ပံ့ကြေး ပေးထားတဲ့။ ငါတို့ တက္ကသိုလ်မှာကွာ ၀မ်ကျိုးချန် ကို ကြိုက်ကြတဲ့ လူတွေမှ အများကြီး အဲ့ထဲ မင်းသူငယ်ချင်း ရီထောင်း တောင် ပါသေး📞

📞ဘာ! ရီထောင်း ဟုတ်လား။ 📞

📞အေးလေ ၀မ်ကျိုးချန် ကို နေ့တိုင်း လာပိုးပန်းတာ။ အဲ့ကောင်လေး က အချေကြီးတာကွ။ မုယွင်လုံ နဲ့ပဲ အတွဲများတာ။ မုယွင်လုံက မင်းတို့ တက္ကသိုလ် ကပဲလေ။ သူက Art & Film မေဂျာက 📞

📞 အွန်း ငါ သိတယ်။ ဒါပဲ ငါ မအားတော့လို့📞

📞အေး အေး!📞

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWo Geschichten leben. Entdecke jetzt