🦋38🦋 [ Zawgyi ]

344 36 0
                                    

ချန်ဖိုးဖိုး နဲ့ စျာပနာပွဲကို ဟိုက်ခွမ်းပဲ ဦးဆောင်ကာ လုပ်ပေးရသည်။ ကျိုးချန် ကတော့ အခန်းထဲက အခန်းပြင်ကို ထွက်မလာခဲ့ပေ

နောက်ဆုံး အကြိမ် ကန်တော့တဲ့ အချိန်လေး တစ်ချိန်တာ ထွက်လာလေသည်။

​​ဂူသွင်းတာတို့ ဘာတို့ ကိစ္စအကုန်ကုန်ပြီးစီးသွားတဲ့ အချိန် မှာ အိမ်တော်ထိန်းကြီး က ပြောစရာရှိလို့ပါ သခင်လေး ဆိုတာကြောင့်

ကျိုးချန် - ဘာပြောမလို့လဲ အိမ်တော်ထိန်းကြီး

- ကျွန်တော် မွေးရပ်မြေကို အပြီးပြန်ချင်ပါတယ်။

ကော်ဖီခွက် ကို ကိုင်ထားသော ကျိုးချန် လက်တွေ တင်းကျပ်သွားသည်။ ထပ်မံပြီး နောက်ထပ်တစ်ယောက်က သူ့ကို ထားခဲ့ တော့မှာလား

ကျိုးချန် - ဘာ...ဘာလို့ ပြန်ချင်တာလဲ။

- ကျွန်တော် အသက်ကြီးပြီ။ ပြီးတော့ ကျွန်တော့် အမျိုးသမီး ခေါင်းချခဲ့တဲ့ နေရာမှာပဲ ကျွန်တော် ခေါင်းချချင်လို့ပါ။

ကျိုးချန် - လုံအန်းကိုရော ခေါ်သွားမှာလား။

ဒါကိုတော့ သူအရမ်းစိုးရိမ်မိသည်။ လုံအန်း မရှိရင် သူ့ရဲ့ ညာလက်တစ်ဖက် မရှိတော့သလို ခံစားရသည်။

- သားကတော့ မလိုက်ပါဘူးတဲ့။ သခင်လေးတို့နဲ့ သူမခွဲနိုင်ဘူးတဲ့။ သခင်လေး လုံအန်း ကို စောင့်ရှောက်ပေးပါ။ ဒါလေးကိုလည်း သိမ်းပေးလို့ရမလား

စားပွဲခုံပေါ် ရောက်လာတဲ့ အညိုရောင် စာအိတ် တစ်အိတ်!

ကျိုးချန် - ဒါက ဘာများလဲ

- ကျွန်တော် မရှိတော့ရင် ကျွန်တော့်သားလေး ဒီမြို့မှာ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ အတွက် ကွန်ဒိုတစ်ခန်း နဲ့ သူ့တစ်ဘ၀လုံး ဘာအလုပ်မှ လုပ်စရာ မလိုအောင် ကျွန်တော် စုပေးထားတဲ့ ဘဏ်Card လေးတွေပါ။ လုံအန်း က ငွေအရမ်းအသုံးကြမ်းတယ်။ သခင်လေး က သိမ်းပေးထားလို့ ရမလား။

မှန်တာပေါ့ လုံအန်း ရတဲ့ လစာ က တစ်လ တစ်လ နည်းတာမှ မဟုတ်။ သူနဲ့ ချီစန်း က အသုံးအဖြုန်းအရမ်းကြီးကြတယ်။ လ၀က်ရောက်ရင် သူတို့ လက်ထဲ တပြားမှ မရှိတော့ဘူး။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ