ကိစ္စတွေ အားလုံး ရှင်းပြီးတော့ အားလုံး က ကျိုးချန် ကို ချီးကျူး ကြပြီး လျှိုဟိုက်ခွမ်း ကတော့ အထောင်းခံ ရတာပေါ့။ သို့သော်လည်း ဟိုက်ခွမ်း ကို ဆဲသော ပို့စ်တွေက ၁မိနစ်တောင် မခံ အကုန်ပျက်ကျကုန်ပြီ။
- ချန်CEO က သူ့လင်လေး ကို အထိမခံဘူးဟေ့
- ငါ့Post တွေ အဖြတ်ခံလိုက်ရပြီဟ
- အီးစ် လျှိုဟိုက်ခွမ်းကြီး က လင်ရတာ ကံကောင်းချက်ပဲ
- ဘဲကြီး ခင်ဗျား ချန်CEO ကို တန်ဖိုးထားပါဗျာ။ ဒီချန်CEO က အရူးလိုပဲ သူ့ကို နာကျင်အောင် လုပ်တဲ့ လူကိုမှ ကာကွယ်ပေးနေတယ်
- ငါတာ ချန်CEO နေရာမှာဆို လျှိုဟိုက်ခွမ်းကြီး ကို သတ်ပစ်လိုက်ပြီ။
- အစ်ကိုရေ အစ်ကို့ မိသားစု ကို အစ်ကို စောင့်ရှောက်ပေးပါနော်။ အရင်က ချန်CEO ကို ညီမတို့က အားလုံး မုန်းတီး ခဲ့ပါတယ်။ အခုလို ချန်CEO ရဲ့ အစ်ကို့အပေါ် ချစ်တတ်မှုကြီး ကို ညီမတို့ အားလုံး သိလိုက်ရတော့ ညီမတို့တွေ ချန်CEO ကို အရမ်းအားနာမိတယ်။ ဒီကမ္ဘာပေါ်မှာ အစ်ကို့ကို ညီမ တို့ကသာ အချစ်ဆုံး လို့ ထင်ထားတာ။ အမှန်တော့ ချန်CEO ကသာ အစ်ကို့ ကို အရမ်းချစ်တဲ့ လူသားတစ်ယောက်ပါ။ အစ်ကို ဒီမိသားစုလေးကို တန်ဖိုးထားပေးပါ။
တတ်လာသမျှ မန့်တွေကို ဖတ်ကာ ဟိုက်ခွမ်း ပြုံးလိုက်မိသည်။
အိမ်ရှေ့မှာ ကားရပ်သံ ကြားတာမို့ ဖုန်းကိုပစ်ချကာ အိမ်ရှေ့ ကို အမြန်ပြေးထွက်လာလိုက်သည်။
ကားအနက်ရောင်ပေါ်မှ ကျိုးချန် ဆင်းလာမဲ့ ၁စက္ကန့်စာ အချိန်လေးက ဟိုက်ခွမ်း အတွက် အကြာကြီး ကြာနေသလိုပင်
ကျိုးချန် ကားပေါ် က မြေပြင်ပေါ်သို့ လူတစ်ကိုယ်လုံး ထွက်လာချိန်မှာတော့ ဟိုက်ခွမ်း ပြေးကာ ကျိုးချန် ကို သူ့ရင်ခွင်ထဲ ဆွဲထည့်ပြီး တင်းကျပ်စွာ ဖက်ထားလေသည်။
ကျန်တဲ့ လူတွေကလည်း အလိုက်သင့်ကလေး ဘေးနားကနေ ထွက်သွားကြသည်။
ဟိုက်ခွမ်း - တောင်းပန်ပါတယ်။ ကိုယ့် ကလေးလေး ကိုယ်တောင်းပန်ပါတယ်။
YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...