🦋22🦋 [ Zawgyi ]

385 49 6
                                    

- ပါးပါး သိလား အဲ့ဦးလေးကြီးက အရမ်းချောတာပဲ။ သူလည်းလေ ချန်အာ လို ချောကလက်ရေခဲမုန့် အရမ်းကြိုက်တယ်ထင်တယ်။ ပြီးတော့ ချန်အာ ပါးလေးကို ဖွဖွလေး ကိုင်ပြီး ငိုသေးတယ်။ သူ့ကလေးလေးကို သတိရလို့တဲ့။

ကျိုးချန် - ချန်အာ မမောသေးဘူးလား။ ပါးပါး ပြန်ရောက်တကည်း က အဲ့ဦးလေးကြီးအကြောင်းပြောနေတာ

- ဟီး ​မောဘူး။ အော် အဲ့ဦးလေးကြီးကလည်း ချန်အာတို့လိုပဲ လျှိုမျိုးရိုး။

ကျိုးချန် - ဆိုစမ်းပါအုံး သူ့အမည်က ဘယ်လိုခေါ်လဲ။

- လျှိုဟိုက်ခွမ်း တဲ့

သမီးဖြစ်သူကို ပြုံးကြည့်နေသော ကျိုးချန် မျက်နှာ ချက်ချင်းတည်သွားသည်။

ဘယ်လိုရေစက်မလို့ သူနဲ့ သမီးတို့က သွားတွေ့ရတာလဲ။

ကျိုးချန် - ချန်အာ အိပ်တော့

- အင့်ဟင်း မအိပ်ချင်သေးဘူး။ အဲ့ဦးလေးကြီးကလေ

ကျိုးချန် - လျှိုချန်ခွမ်း!!!!

- အဟင့် အူးဝါး

ကျိုးချန် - မငိုနဲ့ တိတ်စမ်း!!

- ငိုမှာပဲ ပါးပါး က ချန်အာကို အော်တာကို အီးဟီး!!

ချန်အာလေးရဲ့ ငိုသံကြောင့် တစ်ဖက်ခန်းထဲမှာ ဆော့နေသော ယွင်လုံ၊ လုံအန်း နဲ့ ခွမ်းအာလေး တို့ အပြေးရောက်လာသည်။

- ညီမလေး ဘာလို့ ငိုတာလဲ။ မငိုနဲ့ တိတ်တိတ်!

- အီးဟီး ကိုကို ချန်အာ က ညနေက တွေ့ခဲ့တဲ့ ဦးလေးကြီး အကြောင်းပြောပြတာကို ပါးပါး က အော်တယ်။ အီးဟီး

ခွမ်းအာ က ချန်အာလေး ကို မနည်းချော့လိုက်ရသည်။ ကျိုးချန် ကတော့ ငိုပါစေ ဆိုပြီး ပစ်ထားလေရဲ့

ချန်အာလေးက ငိုရတာ ပင်ပန်းလို့ထင် သူ့အစ်ကို ရင်ခွင်ထဲမှာ တင်အိပ်ပျော်သွားသည်။

- ပါးပါး ချန်အာ အိပ်သွားပြီ။

ကျိုးချန် - အင်း သူ့ခေါင်းအုံးပေါ်တင်လိုက်။ ပြီးရင် မင်းလည်း အိပ်တော့

- ဟုတ်ကဲ့ ပါးပါး။

ကလေးနှစ်ယောက် အိပ်ပျော်သွားမှ သူတို့ သုံးယောက် အခန်းပြင်သို့ ထွက်လာကြသည်။ အခန်းပြင်ရောက်တော့ အေးစက်သော အသံဖြင့်

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteHikayelerin yaşadığı yer. Şimdi keşfedin