🦋41🦋 [ Unicode ]

198 9 0
                                    

ခွမ်းအာ ခွဲခန်းထဲမှ ထွက်လာပြီး စိတ်ချရပြီ ဆိုတော့မှ အကုန်လုံး သက်ပြင်းချမိကြသည်။

ဆရာဝန်ကြီးဆီက ခွင့်တောင်းပြီး ကျိုးချန် ကို အိပ်ဆေးတိုက်ပေးလို့ ရမလား မေးတော့ ဆရာဝန်ကြီးက လက်ခံခဲ့သည်။

ဆေးသောက်ပြီး မကြာ ကျိုးချန် အိပ်ပျော်သွားတော့မှ မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း အလွမ်းဖြေနေမိသသည်။

ပိန်ကျသွားသော မျက်နှာသွယ်သွယ်လေးကို လက်ကလေးဖြင့် ဖွဖွလေး ထိကိုင်ရင်း

ဟိုက်ခွမ်း - အရမ်းကို ပိန်ကျသွားတာပဲ။ ကိုကို့ ကလေးလေး အရမ်းတွေ ပင်ပန်းခဲ့မှာပဲ။ ကိုကို တောင်းပန်ပါတယ်။

နဖူးလေးကို တစ်ချက် အနမ်းခြွေချလိုက်ပြီး စောင်ကို ရင်ဘက်ထိ ဆွဲခြုံပေးကာ အခန်းထဲမှ ထွက်လာလိုက်သည်။

အခန်းပြင် ရောက်တော့ လုံအန်း တို့ကို

ဟိုက်ခွမ်း - သမီးကို ခေါ်ပြီး ****အိမ်ကို ပြောင်းကြရအောင်။

- ချန်အိမ်တော် ကိုကျတော့ရော အစ်ကိုလေး

ဟိုက်ခွမ်း - ဘ၀အသစ်က ပြန်စမှာ မလို့ နာကျင်စရာ တွေ ရှိတဲ့ နေရာမှာ အားချန် ကို မနေစေချင်ဘူး။ အဲ့အိမ်က ကိုယ် မကြာသေးခင်ကမှ အသစ်ဝယ်ထားတာဆိုတော့ အားချန် လည်း သဘောကျလောက်တယ်။

- ကောင်းပါပြီ။ ဒါဆို ကျွန်တော်တို့ အခုချက်ခြင်း ပြောင်းလိုက်ကြပါမယ်။

လုံအန်း က ကျန်သူတွေကို အမိန့်ပေးပြီး အိမ်ပြောင်းဖို့ကို ချက်ခြင်းလုပ်လိုက်ကြသည်။

ဟိုက်ခွမ်း လည်း လုံအန်းတို့ကို ပြောပြီး ကုရမ် တို့ဆီ ဖုန်းဆက်ကာ

📞ရုံတင်မဲ့ ရက်​ကို နောက်အပတ်ထဲရွှေ့ဆိုင်းလိုက်📞

📞ဘာဖြစ်လို့လဲ။ 📞

📞အဲ့ကားကို အားချန် နဲ့ အတူတူ ကြည့်မလို့📞

📞အေးပါကွာ။ ဒါနဲ့ ခွမ်းအာလေးရော အခြေအနေ📞

📞သားက ဘာမှ ကြီးကြီးမားမား မထိခိုက်သွားဘူး။ ခွဲစိတ်မှုလည်း အောင်မြင်တယ်။ သားသတိရလာမဲ့ အချိန်ကို စောင့်နေရတာ။📞

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now