လွန်ခဲ့သော ၂လကို ပြန်တွေး ကိုကို နဲ့ ၀မ်ကျိုးရီ တွေ့နေတာကို မကြိုက်နှစ်သက်သလို မိမိကို ရှောင်နေသော ကိုကိုကြောင့် ဘာလုပ်လို့ လုပ်ရမှန်း မသိချိန် အောက်လမ်းပညာဆိုတဲ့ အရာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုဆရာကို ဆက်သွယ်ကာ မိမိမှ မိမိ ဖြစ်နေအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မေးတော့
*သူရဲ့ ဆံချည်မျှင် ဒါမှ မဟုတ် သူရဲ့ အသုံးအဆောင် ပစ္စည်း တစ်ခုခုရယ်။ သူရဲ့ လက်ဗွေရာ လည်း ယူလာခဲ့။*
ထိုသူပြောတဲ့ အတိုင်း အကုန်ယူကာ အောက်လမ်းဆရာဆီ သွားခဲ့သည်။ ဟိုရောက်တော့ အောက်လမ်းဆရာက ထိုအရာတွေကို အ၀တ်အရုပ်မှာ တပ်ဆင်ပြီး လက်ဗွေရာကို ရင်ဘက်မှာ ကပ်ပြီး အသက်သွင်းလေသည်။
ထိုအတွက် ကျိုးချန် ပေးဆပ်လိုက်ရတာက လက်မောင်းသွေး တစ်ပန်းကန်!!!
ထိုသွေးကို အရုပ်မှာ သုတ်လိမ်းသလို ကျန် သွေးကို ညှီနံ့ မထွက်အောင် အစီအရင်နဲ့ လုပ်ပြီး
* ဒါကို သူစားမဲ့ အစားအသောက်ထဲ ထည့်။ မင်းကို သူ ချစ်လာစေရမယ်။ တစ်ရက်လောက်ပဲထည့် ဒါဆို အဆင်ပြေတယ်။*
ကျိုးချန် - ကိုကို ကျွန်တော့်အနားမှာ နေဖို့ အတွက် ဒီနာကျင်မှုက တန်ပါတယ်။
ကြမ်းပြင်ပေါ်မှာ ပျော့ခွေစွာ လဲလျောင်းနေသော ကျိုးချန်၊ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေသည်။
ကျိုးချန် - အ့!
ရုတ်တရက် ဗိုက်ထဲက စူးပြီး ထိုးအောင့်လာသည်။
(မင်း က မင်းဘ၀ကို ဖျက်ဆီးနေတာပဲ။)
ကျိုးချန် - မင်း
(မင်း က ငါတို့သွေးသားကို သတ်နေတာ။)
ကျိုးချန် - ဘာ! သွေးသား! မင်းဘယ်လိုသိတာလဲ။
(ငါက မင်းပဲလေ။ ဒါပေမယ့် မင်းလို ငတုံးတော့ မဟုတ်ဘူး။)
(မင်း ထ! အချိန်မှီ ငါတို့သွေးသားကို ကယ်တင်။ မင်းရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ကြောင့် ငါတို့သွေးသားကို မသေစေနဲ့။)
ကျိုးချန် အားတင်းကာ ကြမ်းပြင်မှ ထရပ်ပြီး ဖုန်း၊ ပိုက်ဆံအိတ်တို့ကို ယူကာ သီးသန့်ငှားနေသော အခန်းထဲမှ ထွက်လာခဲ့သည်။
YOU ARE READING
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...