🦋40🦋 [ Zawgyi ]

366 35 4
                                    

- သခင်လေး

မျက်စိရှေ့ ရောက်လာသော ကျောက်စိမ်းရောင် အိုးလေး! ထိုအိုးလေးကို လက်ပြောင်းယူလိုက်ပြီး ရင်ခွင်ထဲ ပိုက်ကာ

ကျိုးချန် - တောင်းပန်ပါတယ်။ ပါးပါး တောင်းပန်ပါတယ် ကလေးလေး ရယ်!!!

- သခင်လေး ကြက်စွတ်ပြုတ်လေး သောက် ရအောင်။ ဒါမှ အားရှိမှာ

ချီစန်း ယူလာပေးသော ကြက်စွတ်ပြုတ်ကို သောက်နေတုန်း အခန်းထဲ ခွမ်းအာ ၀င်လာသည်။

ခွမ်းအာ - ပါးပါး စိတ်မကောင်း မဖြစ်ပါနဲ့နော်။ ပါးပါး အနားမှာ သားနဲ့ ညီမလေး ရှိတယ်နော်။

ကျိုးချန် - ခွမ်းအာ တို့ ရှိလို့ ပါးပါး အားရှိတာ။ ညီမလေး ရော ဘာလုပ်နေလဲ။

ခွမ်းအာ - ညီ..ညီမလေး က အခန်းထဲမှာ Daddy ပုံ ကို ကြည့်ပြီး ငိုနေတယ်။

သားရဲ့ အပြောကြောင့် ကျိုးချန် စိတ်မကောင်း ဖြစ်သွားသည်။

ခွမ်းအာ - ပါးပါး သားတို့ Daddy နဲ့ အတူတူ ပြန်နေလို့ မရဘူးလားဟင်။ ပါးပါး လည်း Daddy ကို လိုအပ်သလို ညီမလေး လည်း Daddy ကို လိုအပ်တယ်။ Daddy ဆီ ခွမ်းအာ တို့ ပြန်ကြရအောင်လေ။ နော် ပါးပါး နော်!

ကျိုးချန် - သား က Daddy နဲ့ အတူတူ နေချင်တာလား။

ခွမ်းအာ - သားက ပါးပါး နဲ့ နေလည်း ဖြစ်ပါတယ်။ ချန်အာ ကသာ

ကျိုးချန် - ဒါဆို ပါးပါး တို့ Daddy ဆီ ပြန်ကြရအောင်။

ခွမ်းအာ - တကယ်လား ပါးပါး!!

ကျိုးချန် - အင်း

ခွမ်းအာ - ဒါဆို ညီမလေး ကို သွားပြောလိုက်အုံးမယ်နော်။ ညီမလေး သိရင် အရမ်းပျော်သွားမှာ

ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကာ အခန်းထဲက ထွက်သွားသော သားကို ကြည့်ပြီး ကျိုးချန် ၀မ်းနည်းနေတဲ့ ကြားမှ ပြုံးလိုက်မိသည်။ ရင်ခွင်ထဲက ပိုက်ထားသော အိုးလေးကို ငုံ့နမ်းပြီး

ကျိုးချန် - ပါးပါး ကလေးကို Daddy နဲ့ အတူတူ နှုတ်ဆက်မယ်နော် ကလေးလေး!

- သခင်လေး ကို ကျွန်တော် ပြောစရာ ရှိပါတယ်။

ကျိုးချန် - ဘာလဲ ပြောလေ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now