🦋32🦋 [ Zawgyi ]

423 41 2
                                    

ဟိုက်ခွမ်း သားနဲ့ ကုန်တိုက်တစ်ခုလုံး ပတ်ပြီး သားအကြိုက် အင်္ကျီတွေ ပန်းချီဆွဲဖို့ ပစ္စည်းတွေ ၀ယ်ပြီး သမီးလေး အတွက်ပါ ဂါ၀န်လှလှလေးတွေ ၀ယ်လိုက်သည်။

လော့လော့ လက်ထဲမှာလည်း အထုတ်တွေက အပြည့် ဖြစ်နေသလို ဟိုက်ခွမ်း လက်ထဲမှာလည်း အထုတ်တွေက အပြည့်!!!

လော့လော့ ကို ကားထဲ သွားထည့်ခိုင်းလိုက်ပြီး ပြီးရင် ****ဆိုင်ကို လာခဲ့ဖို့ပါ တစ်ခါတည်း မှာလိုက်သည်။

သူနဲ့ သား ကတော့ အဲ့ဆိုင်မှာ မုန့်စားဖို့ အရင်သွားနှင့်ပြီ ဖြစ်သည်။

****ဆိုင်ရောက်တော့ သားက ပီဇာ ၊ ချောကလက်ကိတ်၊ ကြက်ကြော် နဲ့ လိမ္မော်ဖျော်ရည် ကို မှာလိုက်တော့

ဟိုက်ခွမ်း - သား က အဲ့တာတွေ ကြိုက်တာလား။

ခွမ်းအာ - ဟုတ် ကြိုက်တယ် Daddy!! ဟိုမှာနေတုန်းက သားရော ညီမလေးရော ပါးပါးရော စျေး၀ယ်ပြီးတိုင်း ဒီလိုမျိုးပဲ စားကြတာ။

ဟိုက်ခွမ်း - Daddy နဲ့ အခုလို စျေးအတူတူ ၀ယ်ရတာ ပျော်လား။

ခွမ်းအာ - ပျော်တယ် Daddy!!

ဟိုက်ခွမ်း - သား ကရော Daddy ကို လက်ခံနိုင်ရဲ့လား။

ခွမ်းအာ - Daddy က ခွမ်းအာ ရဲ့ အဖေမှန်း သိကတည်းက ခွမ်းအာ က တွေ့ချင်တာ။

ဟိုက်ခွမ်း - ဘယ်လို!

ခွမ်းအာ - ပါးပါး ဆီမှာ ရှိတဲ့ Daddy ပုံ ကို ခွမ်းအာ တွေ့ဖူးတယ်။ ပါးပါး က Daddy ပုံကို ကြည့်ပြီး ငိုတယ်။ စကားတွေလည်း ပြောတယ်။ ဘယ်သူလဲ ဆိုတာ သိချင်တာကြောင့် ပါးပါး အလုပ်သွားနေတဲ့ အချိန် သား က ပါးပါး အခန်းထဲ ခိုး၀င်ပြီး အဲ့ဓာတ်ပုံ ကို ရှာပြီး ကြည့်ခဲ့တာ။ Daddy ပုံ ရဲ့ နောက်ကျောမှာ ရေးထားတဲ့ စာက *ကျွန်တော့် အသက်ထက် ချစ်မြတ်နိုးရသူ၊ အမွှာလေးတွေ ရဲ့ Daddy * တဲ့

သားရဲ့ ​အပြောကြောင့် ဟိုက်ခွမ်း ရင်ထဲ နွေးထွေးသွားသလို ခံစားရပြီး ကျိုးချန် အပေါ်ကိုလည်း ပိုပိုပြီး အားနာလာရသည်။

စားစရာတွေ ရောက်လာတော့ သား စားလို့ ရအောင် လုပ်ပေးနေတုန်း လော့လော့ ပြန်ရောက်လာသည်။ လော့လောပြန်ရောက်လာသည်။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now