🦋34🦋 [ Unicode ]

157 13 2
                                    

- သ....သခင်လေး ကျွန်တော် တောင်းပန်ပါတယ်။

ကျိုးချန် - ဘာကိုတောင်းပန်တာလဲ အငယ်လေး။

- ဟို အစ်ကိုလေး ဟိုက်ခွမ်း ကို ထိုးလိုက်မိတဲ့ အတွက်

ကျိုးချန် - မင်းအပြစ်မရှိပါဘူး။ ဒါ သူလုပ်ခဲ့တဲ့ အပြစ်အတွက် သူပေးဆပ်ရတာလေ။ ကဲ ကဲ သွားတော့ သွား။

- ဟုတ်ကဲ့သခင်လေး!

အငယ်လေး ထွက်သွားမှ ကျိုးချန် အားရပါးရ ပြုံးလိုက်မိသည်။ လျှိုဟိုက်ခွမ်း ကြီး ဘယ်လိုနေမလဲတော့ မသိ၊ အငယ်လေး လက်သီးစ က အရမ်းပြင်းသည်။ သူ့လက်သီးစာ မိတဲ့ လူတွေက အနည်းဆုံး ၁ပတ်လောက် ဆန်ပြုတ်သောက်ရတာ

ယွင်လုံ - ဘာတွေပြုံးနေတာလဲ။

ကျိုးချန် - ဘာမှ မပြုံးပါဘူး။

ယွင်လုံ - ငါ အပြင်မှာ ကြားခဲ့တယ်။ လုံအန်း က ချီစန်း ကို ဆူနေတာ။ စီနီယာ က မင်းကို နမ်းလို့ ချီစန်း က ဆွဲထိုးတာဆို။ 

ကျိုးချန် - အင်း!

ယွင်လုံ - ဟား ဟား ချီစန်း လက်စက ပြင်းတာကို စီနီယာတော့ တစ်ပတ်လောက် ဆန်ပြုတ်ပဲ စားရတော့မယ်ထင်တယ်။

ယွင်လုံ ရော ကျိုးချန်ရော  အားရပါးရ ရယ်လိုက်မိသည်။ လုပ်ငန်းကိစ္စအပြင် လော့ရန် က ငွေကြေးကိစ္စကိုပါ ဆွေးနွေးတိုင်ပင်ကြပြီးနောက်

ယွင်လုံ - ဒါဆို အမှုဆွဲဖို့ ငါလုပ်လိုက်တော့မယ်။

ကျိုးချန် - အင်း လုပ်လိုက်တော့

ယွင်လုံ - ကျိုးချန်

ကျိုးချန် - ဘာပြောစရာရှိသေးလို့လဲ။

ယွင်လုံ ကျိုးချန် ကို စိုက်ကြည့်ပြီး ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား တွေဝေနေမိသည်။ အဖေက အဖေပါပဲ ဆိုပြီး ယွင်လုံ အားတင်းကာ

ယွင်လုံ - ၀မ်ဉီးလေး ဆေးရုံတင်ထားရတယ်။

စားပွဲခုံပေါ် တတောက်တောက် ခေါက်နေသော လက်တွေ ရပ်တန့်သွားသလို နှုတ်ခမ်းမှာ တွဲခိုနေသော အပြုံးတွေဟာ ပျောက်ကွယ်သွားပြီး ယွင်လုံ ကို ခပ်စူးစူး ကြည့်ကာ

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteHikayelerin yaşadığı yer. Şimdi keşfedin