📞ချန်အာလေး က အခြေအနေဆိုးလား📞
📞မဆိုးဘူး ယွင်လုံ၊ မနေ့က အအေးပတ်သွားရုံတင်၊ ဘာမှ မဖြစ်ဘူး။ ၃ရက်လောက်နေရင် ကောင်းသွားလိမ့်မယ်။📞
မုယွင်လုံ နဲ့ ဖုန်းပြောနေသော ကျိုးချန် ကို ဟိုက်ခွမ်းမှာ အင်္ကျီကြယ်သီး တပ်နေရင်း ကြည့်နေမိသည်။ စိတ်ထဲလည်း အတွေးတွေနဲ့ ရောက်ရက်ခတ်လို့
ဘာကိစ္စ သမီးနေမကောင်းတာက အစ အဲ့ကောင် က လိုက်စိတ်ပူနေရတာတုန်း။
📞အင်း အင်း ငါ မင်းနဲ့ အလုပ်ကိစ္စပြောစရာ ရှိသေးတယ်။ အိမ်လာခဲ့ ရမလား📞
မလာနဲ့ လုံး၀ မလာနဲ့။ ဟူး! မုယွင်လုံ ငါ မင်းကို မကြိုဆိုနိုင်ဘူး။ ငြင်းလိုက်စမ်း ၀မ်ကျိုးချန်
📞လာခဲ့လိုက်လေ။ ချန်အာ တို့ကလည်း မင်းကို မေးနေတော့သူတို့ အတွက် မုန့်ပါ ၀ယ်ခဲ့လိုက်📞
ဘာ!!! လာရုံတင် မကဘူး။ ငါ့ သားနဲ့ သမီး အတွက်ပါ သင်းကို မုန့်၀ယ်ခိုင်းတယ်။ မဖြစ်သေးပါဘူး။ ကလေးတွေကို အခြားလူ၀ယ်ကျွေး တဲ့ မုန့် မစားစေချင်ဘူး။
📞 အေးပါကွာ။ မင်း ရော ဘာစားအုံးမလဲ📞
တော်သင့်ပြီ ဟျောင့်!! ငါ့ယောကျာ်းနဲ့ ငါ့သားသမီး တွေကို ငါ ၀ယ်ကျွေးနိုင်တယ် ကွ။
📞မစားတော့ဘူး။ ဒါပဲ သမီး နိုးလာပြီ။ ငါ ချော့ပြီး ဆေးတိုက် ရအုံးမယ်။📞
တော်တယ် ကျိုးချန် အဟင်း!!!
အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ နေစမ်းပါအုံး သူ့ဘာသာ မုယွင်လုံ ကို မုန့်မှာချင်မှာ မမှာချင်နေ ငါနဲ့ ဘာဆိုင်လို့တုန်း!! ကျစ်!!!
ကျိုးချန် - ခင်ဗျား အလုပ်သွားတော့မှာလား။
ဟိုက်ခွမ်း - အင်း ဘာမှာ စရာရှိလို့လဲ။
ကျိုးချန် - သားအတွက် ပန်းချီဆွဲဖို့ သင်ထောက်ကူတွေ ၀ယ်ခဲ့ပေးဖို့ မှာမလို့။
ဟိုက်ခွမ်း - ကိုယ် သားကို ခေါ်သွားလိုက်မယ်။ ကိုယ် ၀ယ်လာတာထက် စာရင် သားကိုယ့်ဘာသာ ရွေးတာကို ပိုသဘောကျမယ် ထင်တယ်။
VOUS LISEZ
အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန္း ပင္လယ္ - အခ်စ္သမုဒၵရာ [ Z & U ] Complete
FanfictionStarted - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလည်း Sex အခန်းလေး အနည်းငယ် ပါမည်။ အစ်ကို ၂ယောက်ရဲ့ ပုံရိပ်ကိုတော့ မထိခိုက်အောင် ရေးပေးပါမည်။ မှတ်ချ...