🦋43🦋 [ Unicode ]

182 11 0
                                    

ဟိုက်ခွမ်း - အားချန် အမှုကို ကျေအေးပေးလိုက်တယ်ဆို

ခွမ်းအာ ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတုန်း အမှုစစ်ရဲ ပြောလာတဲ့ အမှုကို ရုတ်သိမ်းလိုက်တယ် ဆိုတဲ့ ကိစ္စကြောင့် ကျိုးချန် ကို  မေးကြည့်တော့

ကျိုးချန် - ဟုတ်တယ်လေ။

ဟိုက်ခွမ်း - ဘာလို့လဲ။ ကိုယ်တို့ သားလေးကဖြင့် မသေရုံတမယ် ဖြစ်ခဲ့တာကို

ကျိုးချန် - သူလည်း သူ့သားဇော နဲ့ ကားကို အမြန်မောင်းလာမိတာလေ။ အဲ့နေ့က သူ့ရဲ့ သား အူတတ်ပေါက်လို့ ဆေးရုံတင်ထားရကြောင်း ကျောင်းက ဖုန်းဆက်လို့ သူလည်း ကားကို  အမြန်မောင်းမိတာပါတဲ့။ အဲ့တာကြောင့် အမှုကို ရုတ်သိမ်းလိုက်တာ။ ကျွန်တော့်သား သေသွားရင်တော့ တစ်မျိုးပေါ့။

ဟိုက်ခွမ်း - ၀မ်ကျိုးချန် တို့ စိတ်ထားတွေ ကောင်းနေတာ

ဟိုက်ခွမ်း စကားကြောင့် ကျိုးချန် မျက်မှောင်ကြုတ်လိုက်ပြီး သိမ်းလက်စ ပစ္စည်းတွေကို ပစ်ချကာ ဟိုက်ခွမ်း ဘက်လှည့်ပြီး

ကျိုးချန် - ခင်ဗျား ဘာစကားပြောတာလဲ။ ကျွန်တော် က ဘယ်တုန်းက စိတ်ထားမကောင်း.....မဟုတ်မှ ခင်ဗျားကို အောက်လမ်းပညာနဲ့ ပြုစားခဲ့လို့

ဟိုက်ခွမ်း - မဟုတ်ဘူး အားချန်! မဟုတ်ဘူး။ ကလေး အထင်မလွဲပါနဲ့။ ကိုယ်က အဲ့လို ပြောတာ မဟုတ်ပါဘူး။

ဟိုက်ခွမ်း မျက်နှာ မကောင်းဖြစ်နေပြီ ဖြစ်သော ကျိုးချန် ကို ရင်ခွင်ထဲ ဆွဲသွင်းကာ သူပြောတဲ့ အဓိပ္ပာယ် က ထိုသို့ မဟုတ်ကြောင်း ရှင်းပြရလေသည်။

ဟိုက်ခွမ်း - ကိုယ် တောင်းပန်ပါတယ်။ ကလေး ရဲ့ ဒဏ်ရာ ကို ကိုယ် တူးဆွမိပြန်ပြီ။ ကိုယ် က သေသင့်တဲ့ သူပါပဲ။

ကျိုးချန် - ခင်ဗျားက ကျွန်တော်တို့ သားအဖကို စိတ်ကုန်နေပြီလား။

ဟိုက်ခွမ်း - အမ် စိတ်ကုန်စရာလား။ နေပါအုံး ကိုယ် က ဘာကိစ္စ စိတ်ကုန်ရမှာလဲ။

ကျိးချန် - သေစကားတွေ ပြောနေလို့လေ!!

ဟိုက်ခွမ်း - ဟာ! ကိုယ် က သေစရာလားကွာ! ဒီချစ်ဖို့ ကောင်းတဲ့ မိသားစု ကို ကိုကို က ထားခဲ့စရာလား။

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now