🦋10🦋 [ Zawgyi ]

349 44 4
                                    

ကျိုးချန် - ကိုကို ယူနန် မှာ မိုးတွေ အရမ်းရွာနေတယ်။ အအေးမမိစေနဲ့ ဆေးလည်း ထည့်ပေးလိုက်တယ်။ နွေးနွေးထွေးထွေးနေ၊

ဟိုက်ခွမ်း - အင်း! မင်း လည်း ဂရုစိုက်။

ကျိုးချန် - ဟုတ်

ချစ်ရသူဆီက ဂရုစိုက်မှု သေးသေးလေး ရရင် ကို ပျော်ရွှင်တတ်သူ ဖြစ်သည်။

ယွင်လုံ - မျက်နှာကို က မှိုရနေတဲ့ မျက်နှာနဲ့။

ကျိုးချန် - FA ဆိုတော့ ဒီခံစားချက်ကို ဘယ်နားလည် မလဲ။

ယွင်လုံ - မှားပါတယ်။ မင်း ဟောင်ကောင် ပြန်ရတော့မှာ မလား။

ကျိုးချန် - အင်း! ငါ ကိုကို နဲ့ မခွဲနိုင်ဘူး

ယွင်လုံ - ဒါဆိုလည်း ဒီမှာ အလုပ်လုပ်ရင်း ကျောင်းတတ်မယ်လို့ မင်းရဲ့ ပါးကို ပြောလိုက်

ကျိုးချန် - အဲ့လိုလည်း ငါမလုပ်ချင်ဘူး။ ငါ သူတို့ကို စိတ်ဒုက္ခရောက်အောင် လုပ်ချင်တာ။ငါ့ မားမား အတွက် တရားမျှတမှု ပြန်လိုချင်တယ်။

ယွင်လုံ - မင်း သဘောတိုင်းပါပဲ။ ငါလည်း ဟောင်ကောင် ပြန်လိုက်ခဲ့မယ်။

ကျိုးချန် - မင်း က ဘာလို့လဲ။ အနုပညာအလုပ် မလုပ်တော့ဘူးလား။

ယွင်လုံ - မလုပ်ပါဘူး။ ငါ စီးပွားရေး လုပ်ငန်းရှင်ပဲ ဖြစ်ချင်တော့တာ။ ချန်Com နဲ့ အပြိုင် ကုမ္ပဏီ အသစ် တစ်ခု ထူထောင်မလို့

ကျိုးချန် - ငါလို ၁၃ နှစ်သားကတည်းက အလုပ်လုပ်လာရင်တော့ ငါနဲ့ ပြိုင်ဘက် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။

ယွင်လုံ - သောက်ကြီးသောက်ကျယ်ကောင်!

မဲ့ရွဲ့ကာ ဆိုလာသော ယွင်လုံ ကြောင့် ကျိုးချန် အားရပါးရ ရယ်လိုက်မိသည်။

ကျိုးချန် နဲ့ ဟိုက်ခွမ်း ဆက်ဆံရေးက အဆင်ပြေသည်။ ကျိုးချန် ဘက်ကသာ ချစ်နေပေမယ့် ဟိုက်ခွမ်း ကတော့ ဒီအတိုင်းသာ

သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တတိယလူ ၀င်လာတဲ့ အချိန်မှာ သိပ်ပြီး အဆင်မပြေတော့ပေ

📞ဘာလို့ ဖုန်းတွေ ခေါ်နေတာလဲ။ ငါ့ကို လမ်းဘေးက တေလေဂျပိုး အလုပ်မရှိ အကိုင်မရှိ လူလို့ ထင်နေတာလား📞

 အမုန်းပင်လယ် - အချစ်သမုဒ္ဒရာ / အမုန်း ပင်လယ် - အချစ်သမုဒ္ဒရာ [ Z & U ]  CompleteWhere stories live. Discover now