ဆိတ်ငြိမ်တဲ့ ရပ်ကွက်ထဲမှာ ရှိတဲ့ ခမ်းနားတဲ့ အိမ် တစ်အိမ် ရဲ့ ခြံဝင်း တစ်ခုထဲတွင် လူငယ်လေး တစ်ယောက်က သူ့ပုခုံးပေါ်က နောက်ထပ် လူငယ်လေး တစ်ယောက်ကို မငိုအောင် နှစ်သိမ့်ပေးနေသည်။
' မငိုနဲ့လေကွာ .... ကိုယ်နဲ့ သူ လက်ထပ်တယ် ဆိုတာ ဟန်ဆောင်တာ သက်သက်ပဲလို့ ကိုယ် ပြောပြီးပြီလေ။ ပြီးတော့ အချစ်နဲ့ ကိုယ် ချစ်နေကြတာ သူ သိပြီးသားပဲ။ သူလည်း နားလည်ပါတယ်။'
' ဟင့် ... ဟင့် ... ဒါပေမယ့် သူ့ဘက်က ကို့ ကို တကယ် ပိုင်ဆိုင်ချင်လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။'
' အဲ့လို မဖြစ်စေရဘူး။ သူနဲ့ ကိုယ်နဲ့က ငယ်ငယ်ကတည်းက ဆော့ဖော် ဆော့ဖက် ၊ ကြီးလာတော့လည်း ကျောင်းသွား ဖော် သွားဖက် ပဲ ဖြစ်ခဲ့ကြတာ။ သူ့ကို စိတ်ဝင်စားရင် အချစ်နဲ့တောင် တွေ့မှာ မဟုတ်ဘူးလေ။ ပြီးတော့ သူလည်း ကိုယ့်ကို ငယ်သူငယ်ချင်း လိုပဲ မြင်တာပါ။'
ရှန့်ကုန်း ကို ပြောတာ အမှန်တွေဆိုတာ ခံစားမိနေပေမယ့် စိတ်ထဲက တင်းကျပ်နေသေးတာကိုတော့ ထပ်မပြောတော့ပဲ ရင်ထဲပဲ သိမ်းဆည်းထားလိုက်သည်။ ခုချိန်မှာ သူ နဲ့ ကို နဲ့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေနေလေ။
' ကို .... ဟန်ဆောင် လက်ထပ်တာပဲ အဟုတ် ဖြစ်ရမယ်နော်။ သူနဲ့ အတူ မနေရဘူး။'
' စိတ်ချ ကိုယ့် ဘဝ ကို အချစ်နဲ့ပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးသားပါ။ အချစ်သာ ကိုယ့်ကို ယုံကြည်ပြီး စောင့်နေပေးနော်။'
' ကျနော် ကို့ကို အရမ်းချစ်တယ်နော်။'
' ကိုယ်လည်း ချစ်တယ်။'
ထိုစဉ် "ထင်း" ခနဲ အသံနဲ့ မက်ဆေ့ ဝင်လာသည်။
ရှန့်ကုန်း မက်ဆေ့ သံ ဝင်လာပြီး ကိုက သူ့ဖုန်းကို ထုတ်ကြည့်တာ မြင်လိုက်တော့မှ ဟိုတစ်ယောက်ဆီက ဖြစ်မယ်ဆိုတာ သိလိုက်သည်။ သူတို့ ခုလို ချိန်းတွေ့တိုင်း ကို့ရဲ့ သူငယ်ချင်းက သူ့ရဲ့ အပန်းဖြေ အိမ်မှာပဲ ချိန်းတွေ့ ဖို့ ပြောတာ ဖြစ်သည်။
' ကို .... ဘာတဲ့လဲ။'
' ကိုယ် နဲ့ သူ နဲ့ မင်္ဂလာ ဝတ်စုံ သွားကြည့်ဖို့ အချိန်ကျပြီဆိုတာ လှမ်းပြောလာတာ။'
YOU ARE READING
Even Replace ( Completed )
Fanficသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12