အပိုင်း ၂

12.5K 323 2
                                    

လူတွေပြောကြတယ်ဘဝဆိုတာ ချားရဟတ်တစ်ခုလိုပဲတဲ့. . . 

လောကဒဏ်ရဲ့ အတက်အကျ သဘောတရားတွေ ကြုံရမှာ ဖြစ်တယ်။

အဆုံးသတ်မှာတော့ ဒီဘဝချားရဟတ်ကို ဘယ်လိုစီးနင်းရမလဲဆိုတာ သင်ယူဖို့သာ ဖြစ်ပါတယ် 

ဒါဟာဓမ္မတာဆိုရင် ၊ ကျွန်မရဲ့ ကံကောင်းခြင်းအလှည့်ဟာ ဘယ်တော့များမှ ရောက်မှာလဲ။

. . .

နေရောင်ခြည်နွေးနွေးရဲ့ အောက်မှာ ရန်ကုန်မြို့ဟာ စတင်အသက်ဝင်လာပါသည်။ 

လူပေါင်းများစွာ ဟိုဟိုသည်သည် ကူးလာ ဖြတ်သန်းနေကြသည်။ မိုးသောက်သည်နှင့် လူတန်းစားပေါင်းစုံရဲ့ အငွေ့အသက်များနှင့် ရန်ကုန်မြို့ဟာ မွန်းကျပ်လာရပါတော့သည်။

လူအုပ်ကြီးရဲ့ ကြားမှာ ကောင်မလေး ငယ်ငယ်ချောချောလေး တစ်ယောက် အလောတကြီး လမ်းလျှောက်လာနေတယ်။ သူ့ရဲ့ ရွှေရောင် ဆံနွယ်လေးတွေဟာ ပိုးသားလေးကဲ့သို့ နူးညံ့နေပြီး၊ သူမရဲ့ အပြေးခြေလှမ်းများနှင့် အတူ လေထဲမှာ စည်းချက်ညီညီ ယိမ်းကနေကြသယောင်. . .

သူမရဲ့ နာမည်က ဆုဆုဝေ၊ အသက်က ၂၄ နှစ် . . 

သဘာဝအလှပိုင်ရှင်. မျက်လုံးလှလှ အသားဖွေးဖွေးလေးနှင့် . .အများက သူမကို ဘုရားပေးတဲ့ ရူပကာနဲ့ ပြည့်စုံတယ်လို့ တင်စားကြရ လောက်အောင် လှတဲ့သူပေါ့။ ဒါကြောင့်လည်း လူအုပ်ထဲမှာ သူတစ်ဦးတည်း ထင်းထင်းလှလှလေး ပေါ်ထွက်နေတော့တာပါပဲ။

နေမင်းကတော့ သူ့ရဲ့ နေရောင်တောက်တောက် အပူမှုန်များကို ရန်ကုန်မြို့လေးပေါ်သို့ မညှာမတာတမ်း ကျဲချနေလေရာ. . .ထိုမနက်ခင်းလေးမှ ပူချင်တိုင်းကို ပူလောင်နေပြီပေါ့. ။ 

သူမဟာ နေပူထဲမှာ တစ်ယောက်ထဲ ခပ်သွက်သွက်လျှောက်နေရင်းနဲ့ စိတ်ထဲက ခပ်ဆတ်ဆတ် ရေရွတ်နေပါတယ်။

>>ဒီနေ့မှ အလုပ်ဝင်တာ ၂ရက်မြောက်ပဲရှိသေးတယ်၊ ရုံးတက်နောက်ကျနေပြီ။ ရုံးနောက်ကျပါတယ် ဆိုမှ ကားတွေ ပိတ်နေလို့ မှတ်တိုင် မရောက်ခင်ထဲက လမ်းဆင်းလျှောက်ရသေးတယ်။ <<

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now