အပိုင်း ၂၇

6.3K 211 2
                                    

မင်းကြီး၏ အဆောင်တော်အရှေ့သို့ အရောက်တွင် နန်းတွင်းသမားတော်ကြီးနှင့် တွေ့လေသည်။ သမားတော်ကြီးက မင်းကြီးကို ဂါရဝပြုပြီး. ..


'အဘယ် အရေးကြောင့် ငါ့အဆောင်တော်က ထွက်လာရသလဲ သမားတော်ကြီး'


>>မဟုတ်မှ လွဲရော. . .သူလေး နေမကောင်းဖြစ်နေပြီလား<<


"မှန်ပါ. . .ဆုဝဏ္ဍဒေဝီ မိန်းကလေး ဖျားနာလျှက်ရှိကြောင်းပါဘုရား"


မင်းကြီးက စကားတောင်ဆုံးအောင်နားမထောင်ဘဲ အဆောင်ထဲသို့ ပြေးဝင်သွားလေသည်။ အထိန်းတော်ကြီး ဒေါ်မြရင်က မင်းကြီးလာတာတွေ့သည်နှင့် ထိုင်ကန်တော့လေသည်။ ဆုဝဏ္ဍဒေဝီက သမားတော်ကြီး ပေးထားသော ဆေးကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။


တိဿက သူမနဖူးကို လက်ဝါးနှင့်စမ်းကြည့်လိုက်သည် ထို့နောက် ဒေါ်မြရင်ကို မျက်ထောင့်နီကြီးနှင့် ပြန်ကြည့်လိုက်လေသည်။ ဒေါ်မြရင်က ရံရွေတော်များကို အပြင်ထွက်ရန် လက်ဖြင့် အချက်ပြလိုက်သည်။


"ကျွန်တော်မျိုးမရဲ့ အမိုက်အမဲကို ခွင့်လွှတ်တော်မှုပါ. . .ထိပ်ထားလေး ယနေ့နံနက် ရေမင်္ဂလာ လုပ်ဆောင်တာ ကြာသွားခဲ့ပါတယ် ဘုရား"


'ဒေါ်မြရင်. . သင်ဟာကိုယ်လုပ်ရမယ့် တာဝန်ကိုတောင် ကျေပွန်အောင် မထမ်းဆောင်နိုင်ဘူး။ အသင်ဟာ ငါကိုယ်တော်ရဲ့ အထိန်းတော်ကြီး ဖြစ်ခဲ့သူမို့ ကိုယ်တော်က အသင်ကျုးလွန်တဲ့ အပြစ်တွေကို ခွင့်လွှတ်လိမ့်မယ်လို့ ထင်ထားတာလား။'


"မထင်ပါဘူးဘုရား ထိပ်ထားလေးဟာ နဂါးတံဆိပ်တော်ရပြီးသူမို့ ဘယ်လောက်အရေးကြီးကြောင်း ကျွန်တော်မျိုးမ သိပါတယ်။ ဒါ့ကြောင့် မင်းကြီးအပေါ်မှာ ထားတဲ့ သစ္စာအတိုင်း ထိပ်ထားလေးကိုလည်း ရိုသေစွာ အလုပ်အကျွေးပြုအပ်ပါတယ်မင်းကြီး"


>>နဂါးတံဆိပ်တော်. . . ဟုတ်ပေသားပဲ. .<<

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now