သရဖူမရှိတဲ့ ရှင်ဘုရင်တစ်ပါး
မင်းရဲ့ခြေတော်ရင်းမှာ ဆင်းသက် ခစား.ဒူးထောက်ကာ လက်မြှောက်ထားခါမှ
လည်ချောင်းသွေးပါဖောက်သောက်ချင်သေးတာလား
မယ်ခရေ ဦးဆောင်သော သုံ့ပန်းအဖွဲ့က မြို့ပြင်ကို ကြိုရောက်နှင့်နေကြပြီ။
သူတို့ကို ထိပ်ထားလေး၏ လှည်းယာဉ်တန်းအား ကြိုဆိုရမည်ဟုပြောပြီး မနက်မိုးမသောက်ခင်ကတည်းက လာစောင့်ခိုင်းထားလေသည်။ သူတို့အဖွဲ့မှာလည်း သံသယပေါင်း သောင်းခြောက်ထောင်ဖြင့် ဆုဝဏ္ဍဒေဝီ ဘုရင်မကို စောင့်မျှော်နေကြသည်။
တဖြည်းဖြည်းနှင့် နေထွက်လာလေပြီ။
သူတို့ရပ်စောင့်နေကြသော တောင်ကမုလေးအပေါ်သို့ နေရောင်ခြည် ဖြာကျလာပြီး လေကလည်း အေးအေးလေးတိုက်လာသည်။ ဝေလျုဝေလင်းတုန်းက လူအုပ်စု ဘယ်လောက်ရှိမှန်း မသိပေမယ့် ရောင်နီပေါ်လာကာမှ လူရုပ်တွေလည်း ပီပီသသ မြင်လာရတော့သည်။
ပါဒစစ်သည်များ ကြားတွင် လှည်းတစ်ခုအတွင်း၌ အထိန်းတော်ကြီး ဒေါ်မြရှင်ကိုပါတွေ့လိုက်ရသည်။
သို့သော် မယ်ခရေ ဒေါ်မြရှင်ကို မမြင်ချင်ယောင်ဆောင်ကာ ပါဒစစ်သည်တွေ အကြားမှ သူ့လူတွေကိုသာ လိုက်ကြည့်ပြီး. . .
"ဟဲ့. . ငါတို့အဖွဲ့က အားလုံးရှိမှ အလွန်ဆုံး ၂ ကျိတ်ခန့်သာရှိချေ၏။ လူနည်းသွားလှချေလား။ . . "
'ဟုတ်ပါတယ် မခရေ. .. ကျွန်မတို့ဆီက အမျိုးသား သုံ့ပန်းအတော်များများ မပါလာကြောင်းပါ'မယ်ခရေက မျက်မှောင်ကြီးကြုံ့ပြီး
"ဟေ. . . နန်းတော်ထဲမှာ ကျန်ခဲ့ကြတာလား. ဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ပါဘူး။ သေချာတာတော့ တိဿဘောဂသေနမင်း ယုတ်မာချေပြီ။ ငါကတော့ သူ့ကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့မိတာ. . ၊ အခုတော့ သူ့ရဲ့မင်းသားမျက်နှာဖုံး ကွာကျသွားပြီး ဘီလူးအစွယ်တွေကို မြင်တွေ့လိုက်ရပြီ။. .
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...