အပိုင်း ၃၁

5.2K 193 2
                                    

အပိုင်း ၃၁


ဤသို့နှင့် ဆုတို့ နှစ်ဦး စားသောက်ဆိုင်တစ်ခုမှာ သွားစားဖြစ်ကြသည်။ 

မာတင်ပြောသလိုပဲ ဆုနဲ့သူ နှစ်ယောက်ထဲ သီးသန့် တစ်ဝိုင်းထိုင်စားဖြစ်ကြတယ်ပေါ့။ 

မာတင်လည်း တော်တော်လေး ဗိုက်ဆာနေပုံရသည်။ ရောက်တာနဲ့ အမြန်ဆုံးရတဲ့ ဟင်းတွေမှာလေတော့သည်။ 

ကိုသူရကြီးလိုတောင် ဟိတ်ဟန်တွေ မလုပ်ဘူး ၊ ဘာစကားမှလည်း မပြောဘူး စားစရာရှိတာ စားနေတော့တာပဲ .။

>>ပြောပါတယ် ဆရာသမားကို . .ဟိုမှာ အလကား ဖလာကြိတ်ရမယ့်ဟာကို ဒီအထိ အတင်းပြန်လာတာကိုး<<


ဆုက မနေနိုင်မထိုင်နိုင် စပ်စုမိပြန်သည်။


"မာတင်. .. အဲ့ဒီ့စက်ရုံကို ဘာလို့ လာလေ့လာတာလဲ"


မာတင်က 

'ဟင်' ဆိုပြီး စားနေရင်းနှင့် ဆုကို ပြန်ကြည့်သည်။

"သြော်. . ဆုက မာတင့်လောက်တော့ မကျွမ်းကျင်ပါဘူး အဲတာ မာတင်က အရောင်းအဝယ်တွေ ပြောနေတော့. . . မဟုတ်မှလွဲရော ဒီစက်ရုံကို ဝယ်မလို့ ကြံနေတာများလားလို့"


'ဟုတ်တယ် ဝယ်မလို့လေ'


"ဟယ်. .ဘာလို့ ဝယ်မှာလဲ . .ဒါပေမယ့် ခုနက presentation ကိုကြည့်ရတာနဲ့တင် ဒီစက်ရုံက တော်တော်ကို အရှုံးပေါ်နေတာလေ"


'အဲ့တာ သူတို့ ညံ့လို့ ဆုရဲ့. . ကိုယ်သေချာလုပ်တတ်ရင် မြတ်တယ်'


"ဟုတ်လား. . သူတို့ပြောပုံအရဆို နှစ်စဉ် အော်ဒါက Target မပြည့်လို့ ရှုံးနေတဲ့သဘောကြီးနော်" 

ဆုက ထမင်းတောင် ကောင်းကောင်းဆက်မစားနိုင်တော့ဘဲ လက်မှိုင်ချလိုက်မိသည်။

'ဆု. . . လျှောက်တွေးမနေနဲ့ ထမင်းစားစရာရှိတာစား. . . ကျွန်တော်ပြောပြမယ်. . . 

တကယ်တော့ ဒီစက်ရုံရဲ့မူလပိုင်ရှင်က ခုနကစက်ရုံပိုင်ရှင်ရဲ့ အဖေပေါ့။ သူ့အဖေဆုံးသွားလို့ သူ့လက်ထဲ စက်ရုံရောက်တာနဲ့ ရတဲ့ဈေးနဲ့ ထိုးရောင်းချင်နေတာ. ..။ 

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Tempat cerita menjadi hidup. Temukan sekarang