အပိုင်း ၁၉ (က)

5.7K 196 1
                                    

ကြခတ်ဝရံပြည်


"ကြက်. . . ကြက်. . .ကြက်. . .ကြက်" (လူအုပ်စု တညီတညာထဲ အားပေးရင်း အော်သံ)


မယ်အေးပုံမှာ ထိုအော်ဟစ် သောင်းကျန်းနေကြသော လောင်းကစားရုံရှေ့ နေပူကျဲကျဲတွင် မတ်တပ်ရပ်ကာ လက်သီးကျစ်ကျစ်ဆုပ်ရင်း အားယူနေသည်။ 


မယ်အေးပုံမှာ ကြခတ်ဝါးရံတိုင်း၏ ဆင်ခြေပုန်းရပ်ရွာ တစ်ခုတွင်နေထိုင်ရသော ထင်းခုတ်သမား မယားဖြစ်ပေသည်။ 

လူပုံက စုတ်တီးစုတ်ပြတ်နှင့် အဝတ်အစားကလည်း နွမ်းပါးလှသည်။ သူ၏ ဖွာလံကျဲနေသော ဆံပင်များနှင့် ကွမ်းသွေးရောင် သမ်းနေသော နူတ်ခမ်းနီနီတို့က သူမ၏ ပျိုမြစ်မှုများကို ယူဆောင်သွားကြသည်။ 

ထိုစဉ် လောင်းကစားဝိုင်းထဲမှ ဝေါခနဲ အော်သံကြီးထွက်ပေါ်လာလေသည်။

"ဟာ. . . . မျောက်တဲ့ သွားပါပြီကွာ. . ."


လောင်းကစားဝိုင်းက လူငွေ့များနှင့် ပြည့်ကျပ်ပြီး ငရဲပြည်တမျှမွမ်းကျပ် ပိတ်လှောင်လှသည်။ 


သို့သော် လောင်းကစားဝိုင်းထဲက ထိုးသားများကတော့ ချီးကျရာပျော်တဲ့ လောက်ကောင်များပမာ လောဘဇောနှင့် လောင်မြိုက်နေကြ၍ ချွေးစော်နံတာတွေ ချီးစော်နံတာတွေ ဘာမှကို မှုပုံမပေါ်ကြ. .

ဂျင်ဝိုင်း တစ်ပွဲပြီးသွားသည်နှင့် မယ်အေးပုံက လောင်းကစားဝိုင်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

 ဝတုတ်တုတ် အသားညိုညို ချွေးသံတရွှဲရွှဲနှင့် ဦးလေးကြီးက ဝိုင်းထိပ်တည့်တည့်မှာ ထိုင်နေသည်။ ဂျင်ဝိုင်းက တိရိစ္ဆာန် အကောင်မျိုးစုံ၏ အရုပ်များကလည်း ရုပ်လုံးကြွကြွဖြင့် အသက်ဝင်လှပေသည်။ ကစားဝိုင်းထဲသို့ ဝင်လာသော လောင်းကစားသမားများ၏မျက်စေ့ကို ပြန်ခွာမရလေအောင် ဆွဲဆောင်ထားလေသည်။

 ဝိုင်းပတ်လည်က ထိုးသားတွေ ဘယ်လောက်နံစော်နေနေ. .

 ဝိုင်းအလယ်ခေါင်မှာ လေးညှင်းပွင့်လိုလို နာနတ်ပွင့်လိုလို ပရဆေးနံ့ သင်းသင်းလေး တစ်ခုကတော့ ရမြဲအတိုင်း ရနေသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Opowieści tętniące życiem. Odkryj je teraz